Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီထိုးစစ်ကြောင့် မိုးတားလေးကျေးရွာမီးလောင်နေ

မိုးတားသတင်းသီစရာအစုံ အမည်ရှိ Facebook စာမျက်နှာတွင် မိုးတားရွာ မီးလောင်နေမှု ရုပ်သံကို ယနေ့ ဖော်ပြခဲ့ရာ နေရာနှစ်ခု၌ မီးလောင်နေသည်ကိုတွေ့ရပြီး လက်နက်ကြီး ပစ်ခတ်သံအချို့ကြားရသည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

ကသာမြို့နယ်ရှိ မိုးတားလေးကျေးရွာအနီးတ၀ိုက်တွင် ယနေ့(နိုဝင်ဘာ၈ရက်)တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာရှိနေအိမ်အချို့ မီးလောင်လျက်ရှိသည်။

မိုးတားသတင်းသီစရာအစုံ အမည်ရှိ Facebook စာမျက်နှာတွင် မိုးတားရွာ မီးလောင်နေမှု ရုပ်သံကို ယနေ့ ဖော်ပြခဲ့ရာ နေရာနှစ်ခု၌ မီးလောင်နေသည်ကိုတွေ့ရပြီး လက်နက်ကြီး ပစ်ခတ်သံအချို့ကြားရသည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

“အခုရက်ပိုင်းက အဲဒီမှာ တော်တော်လေးဆိုးတယ်။ မနက်ကလည်း ကားသုံးစီးလောက် ရိက္ခာအပြည့်နဲ့ စစ်သားတွေ ထွက်သွားတာတွေ့တယ်။ သတင်းတော့ အတိအကျမသိဘူး တိုက်ပွဲဖြစ်နေတာတော့ နေ့တိုင်းဖြစ်နေတာ ဖြစ်တာ ​လေးရက်လောက်ရှိပြီ” ဟု ကသာ မြို့ခံ တစ်ဦးက ပြောသည်။

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်လာ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ပူးပေါင်းအဖွဲ့ နှင့် နိုဝင်ဘာ လဆန်းမှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်သည် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံအချို့က ဆိုသည်။ တိုက်ပွဲများကြောင့် ကျေးရွာအချို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။