Connect with us

Hi, what are you looking for?

ဗီဒီယို

ကာကွယ်ဆေး အပြည့် မထိုးရသေးသူတွေအတွက် ဩစတြီးယားမှာ Lockdown ကြေညာ

Lockdown သတ်မှတ်ချက်အရ ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေဟာ အိမ်ကထွက်ဖို့ ကန့်သတ်ချက်တွေ အများကြီး ကြုံရမှာပါ။ အလုပ်သွားတာ၊ မဖြစ်မနေ စျေးထွက်ဝယ်တာမျိုးကလွဲရင် အိမ်မှာပဲ နေဖို့ ညွှန်ကြားထားပါတယ်။

ကာကွယ်ဆေး အပြည့် မထိုးရသေးတဲ့ သူတွေကို Lockdown ကြေညာတဲ့ အစီအစဉ် တစ်ခုကို ဩစတြီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဥရောပတိုက်က နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် အစိုးရက Lockdown ပြန်ချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးနှံပြီးသူတွေ အနေနဲ့ကတော့ ဒီသတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့် ရမှာ ဖြစ်ပါတယ်။

ဩစတြီးယားမှာ အရွယ်ရောက်ပြီးသူတွေ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် မထိုးရသေးတာ လူနှစ်သန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Lockdown ကိစ္စကို လွယ်လွယ်လေး ဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်း၊ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ Lockdown ကြေညာဖို့က မဖြစ်မနေ လိုအပ်လာကြောင်း ဩစတြီးယား အဓိပတိ အလက်ဇန္ဒား ရှယ်လန်ဘာ့ဂ်က ပြောပါတယ်။

Lockdown သတ်မှတ်ချက်အရ ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေဟာ အိမ်ကထွက်ဖို့ ကန့်သတ်ချက်တွေ အများကြီး ကြုံရမှာပါ။ အလုပ်သွားတာ၊ မဖြစ်မနေ စျေးထွက်ဝယ်တာမျိုးကလွဲရင် အိမ်မှာပဲ နေဖို့ ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြီးယားမှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၆၅ ရာခိုင်နှုန်းထိ ကိုဗစ် ကာကွယ်ဆေး ထိုးထားပေမယ့် အနောက် ဥရောပမှာတော့ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အနိမ့်ဆုံး နိုင်ငံတွေ စာရင်းထဲ ပါဝင်နေဆဲပါ။ လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဩစတြီးယားရဲ့ နေ့စဉ် ပျမ်းမျှ ကူးစက်နှုန်းဟာ လူဦးရေ ၁၀၀၀၀၀ ဆိုရင် ၈၀၀ ထိ ရှိခဲ့ပြီး ဥရောပမှာ ကူးစက်နှုန်း အမြင့်ဆုံး နိုင်ငံတစ်ခု ဖြစ်နေပြန်ပါတယ်။

ဥရောပ နိုင်ငံတွေမှာ ကာကွယ်ဆေး ဖြန့်ကျက် ထိုးနှံမှုတွေ အားကောင်းကောင်းနဲ့ လုပ်ဆောင်နေတဲ့တိုင်အောင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကူးစက်နှုန်းက တက်ရိပ် ပြန်ပြလာတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။