ရန်ကုန်မြို့လယ် တစ်ခုလုံး အမှောင်ကျနေပါတယ်။
မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားအပါအဝင် အထပ်မြင့် အဆောက်အဦးတွေက အမှောင်အတိဖြစ်နေပါတယ်။ ဆူးလေမီးသတ်တောင် မီးအမှောင်ကျနေတာပါ။
စစ်ကောင်စီက မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ နေရာအချို့မှာ ၂၄ နာရီမီးပြတ်က်မယ်လို့ကြေညာထားပါတယ်။ တကယ်တော့ အဲဒီလိုမကြေညာခင်ကတည်းက မီးလာချိန်က တစ်ချို့မြို့နယ်တွေမှာ တစ်နေ့လုံး တစ်နာရီ မပြည့်တာတောင်ရှိပါတယ်။
မတ်လ ၁၃ ရက်ကဆိုရင် မြို့ထဲမှာ မီးနှစ်ကြိမ်လောက်လာခဲ့ပေမယ့် စုစုပေါင်းတစ်နာရီတောင် မပြည့်ဘူးလို့ ရွှေဘုံသာလမ်းက ဈေးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement
ရာသီဥတုကပူတဲ့အပြင် မီးစက်သံတွေဆူညံနေတာကြောင့် နေစရာမရှိတော့ဘူးလို့ ရွှေဘုံသာလမ်းမှာဈေးရောင်းတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးမှာ မီးတွေအလွန်အမင်းပြတ်တောက်နေတာ လအတော်ကြာခဲ့ပါပြီ။
အခုကာလမှာ မီးမပေးနိုင်တာက PDF တွေကြောင့်ဆိုပြီး စစ်ကောင်စီက အပြစ်တင်ထားပါသေးတယ်။
