Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်မြို့လည်တောင် မှောင်

စစ်ကောင်စီက မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ နေရာအချို့မှာ ၂၄ နာရီမီးပြတ်က်မယ်လို့ကြေညာထားပါတယ်။ တကယ်တော့ အဲဒီလိုမကြေညာခင်ကတည်းက မီးလာချိန်က တစ်ချို့မြို့နယ်တွေမှာ တစ်နေ့လုံး တစ်နာရီ မပြည့်တာတောင်ရှိပါတယ်။

ရန်ကုန်မြို့လယ် တစ်ခုလုံး အမှောင်ကျနေပါတယ်။

မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားအပါအဝင် အထပ်မြင့် အဆောက်အဦးတွေက အမှောင်အတိဖြစ်နေပါတယ်။ ဆူးလေမီးသတ်တောင် မီးအမှောင်ကျနေတာပါ။

စစ်ကောင်စီက မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ နေရာအချို့မှာ ၂၄ နာရီမီးပြတ်က်မယ်လို့ကြေညာထားပါတယ်။ တကယ်တော့ အဲဒီလိုမကြေညာခင်ကတည်းက မီးလာချိန်က တစ်ချို့မြို့နယ်တွေမှာ တစ်နေ့လုံး တစ်နာရီ မပြည့်တာတောင်ရှိပါတယ်။

မတ်လ ၁၃ ရက်ကဆိုရင် မြို့ထဲမှာ မီးနှစ်ကြိမ်လောက်လာခဲ့ပေမယ့် စုစုပေါင်းတစ်နာရီတောင် မပြည့်ဘူးလို့ ရွှေဘုံသာလမ်းက ဈေးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရာသီဥတုကပူတဲ့အပြင် မီးစက်သံတွေဆူညံနေတာကြောင့် နေစရာမရှိတော့ဘူးလို့ ရွှေဘုံသာလမ်းမှာဈေးရောင်းတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးမှာ မီးတွေအလွန်အမင်းပြတ်တောက်နေတာ လအတော်ကြာခဲ့ပါပြီ။

အခုကာလမှာ မီးမပေးနိုင်တာက PDF ‌တွေကြောင့်ဆိုပြီး စစ်ကောင်စီက အပြစ်တင်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။