Connect with us

Hi, what are you looking for?

ဗီဒီယို

လေယာဉ်ချင်း တိုက်မိလို့ တောင်ကိုရီးယား လေတပ် လေယာဉ်မှူး ၄ ဦး သေဆုံး

လေယာဉ် နှစ်စီးဟာ အရေးပေါ် တိမ်းရှောင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ဒီမတော်တဆမှုမှာ လေတပ်ရဲ့ လေယာဉ်မှူး နည်းပြ ၂ ဦးနဲ့ အမောင်းသင် လေယာဉ်မှူး ၂ ဦးတို့ သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယား လေတပ်ရဲ့ လေယာဉ်နှစ်စီး တိုက်မိမှုကြောင့် လေယာဉ်မှူး ၄ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁ ရက်က စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ လေယာဉ်နှစ်စီး ပျံသန်းရင်း ကောင်းကင်မှာ တိုက်မိကြတာ ဖြစ်ပါတယ်။ နိုင်ငံ အရှေ့တောင်ပိုင်း ဆေချွန်မြို့၊ လေတပ် အခြေစိုက် စခန်းက KT-1 အမောင်းသင် လေယာဉ်တွေ လေ့ကျင့် ပျံသန်းရင်း တည့်တည့်ကြီး ဝင်တိုက်မိခဲ့တာလို့ လေတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် နှစ်စီးဟာ အရေးပေါ် တိမ်းရှောင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ဒီမတော်တဆမှုမှာ လေတပ်ရဲ့ လေယာဉ်မှူး နည်းပြ ၂ ဦးနဲ့ အမောင်းသင် လေယာဉ်မှူး ၂ ဦးတို့ သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျရာ နေရာမှာ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ရာနဲ့ချီ ဖြန့်ကျက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍမှာ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက လေယာဉ်ချင်း တိုက်မိမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေဆီ စာနာ ဝမ်းနည်းကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အရပ်သား သေဆုံးမှု မရှိဘူးလို့ လေတပ်က အတည်ပြုခဲ့ပြီး မတော်တဆမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းသွားမယ်လို့ ပြောပါတယ်။

လေယာဉ်တွေ တိုက်မိတဲ့နောက် စိုက်ခင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ဧရိယာမှာ ပျက်ကျခဲ့ကြပြီး လေယာဉ်ပျက် အစိတ်အပိုင်းတွေ ထိမှန်လို့ ကားတစ်စီး ပျက်စီးခဲ့ပါတယ်။ KT-1 လေယာည်တွေဟာ အင်ဂျင် တစ်လုံးတပ် အပေါ့စား အမျိုးအစားတွေဖြစ်ပြီး တောင်ကိုရီးယားမှာပဲ တပ်ဆင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။