Connect with us

Hi, what are you looking for?

ဗီဒီယို

စာသင်ကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမရဲ့ နာရေးကိစ္စ စီစဉ်နေရင်း ခင်ပွန်းဖြစ်သူ ကွယ်လွန်

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

အမေရိကန် နိုင်ငံက စာသင်ကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမရဲ့ ခင်ပွန်းဖြစ်သူဟာ နာရေးကိစ္စ စီစဉ်နေရင်း ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

စတုတ္ထတန်းပြ ဆရာမရဲ့ နာရေး ကိစ္စကို ခင်ပွန်းသည် ဂျိုးဂါစီယာက တာဝန်ယူ စီစဉ်နေရင်း ရုတ်တရက် လဲကျသွားရာက အသက်ပါ ပါသွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

မေလ ၂၆ ရက်မှာ ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူ ဂျိုးဟာ ဇနီးသည် အာမာနဲ့ အထက်တန်း ကျောင်းသူကျောင်းသား ဘဝကတည်းက ချစ်ကျွမ်းဝင်ခဲ့သူတွေလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုးက ရုတ်တရက် လဲကျသွားတဲ့နောက် ဆေးရုံကို အရေးပေါ် တင်ပို့ဖို့ ကြိုးစားကြပေမယ့် အသက်မမီခဲ့ဘူးလို့ မိသားစုဝင် တစ်ဦးက ဆိုပါတယ်။ သူဟာ ဇနီး ကွယ်လွန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အရမ်း စိတ်ထိခိုက် ကြေကွဲနေခဲ့တယ်လို့ ဂျိုးရဲ့ တူတော်စပ်သူ ဂျွန် မာတီနက်ဇ်က ဆိုပါတယ်။

မိသားစု အနေနဲ့ ရက်ပိုင်းအတွင်းမှာတင် ချစ်သူခင်သူ နှစ်ဦးကို ရှေ့ဆင့်နောက်ဆင့် လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ အခြေအနေက ခက်ခဲလွန်းတယ်လို့လည်း သူက ပြောပါတယ်။

မိသားစုဝင်တွေက ဂျိုးကွယ်လွန်တဲ့ အကြောင်းရင်းကို ထုတ်မပြောပေမယ့် ဒေသခံ သတင်းမီဒီယာ ဌာနတစ်ခုကတော့ နှလုံး ရုတ်တရက်ဖောက်ပြီး သေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။

ဂျိုးနဲ့ အာမာတို့ဟာ အိမ်ထောင်သက် ၂၄ နှစ် ရှိခဲ့ပြီလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရော့ဘ် မူလတန်းကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သူတို့ ဇနီးမောင်နှံမှာ သားသမီး ၄ ဦး ရှိနေပါတယ်။

အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုတဲ့ လူငယ် တစ်ဦးက ကျောင်းထဲကို ရိုင်ဖယ် သေနတ် တစ်လက်နဲ့ ဝင်ရောက် ပစ်ခတ်မှုမှာ ကလေး ၁၉ ဦးအပြင် အာမာနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမ အီဗာ မီရာလက်စ်တို့ပါ သေဆုံးခဲ့ပါတယ်။ သေနတ်သမားကိုတော့ ရဲတွေက အသေပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမေရိကန်မှာ လက်နက် ကိုင်ဆောင်ခွင့် ပိုမို တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဖိအားပေး တောင်းဆိုမှုတွေလည်း တကျော့ပြန် မြင့်တက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။