Connect with us

Hi, what are you looking for?

ဗီဒီယို

အမျိုးသမီး အရေအတွက် စံချိန်တင် ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဩစတြေးလျ ဝန်ကြီးချုပ်အသစ် ကြေညာ

သူ့ရဲ့ အစိုးရ အဖွဲ့သစ်ဟာ စိတ်လှုပ်ရှားစရာ အင်အားစု တစ်ခုဖြစ်ကြောင်း၊ သူဟာ အမှန်တကယ် အရည်အချင်း ပြည့်ဝပြီး လုပ်ငန်းတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်မယ်လို့ ယုံကြည်ယူဆတဲ့ သူတွေကို ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ရာထူးတွေမှာ ခန့်အပ်ခဲ့တာဖြစ်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီ အယ်လ်ဘန်နိစ်ဟာ နိုင်ငံ သမိုင်းတလျှောက် အမျိုးသမီး အရေအတွက် အများဆုံး ပါဝင်တဲ့ အစိုးရ အဖွဲ့သစ်ကို ကြေညာခဲ့ပါတယ်။

အယ်လ်ဘန်နိစ်ရဲ့ အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ၁၀ ဦးထိ ပါဝင်လာပြီး အရေးပါတဲ့ ရာထူး နေရာတချို့မှာပါ အမျိုးသမီးတွေကို ခန့်အပ်ထားတာ တွေ့ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပန်နီဝေါင်၊ ပြည်ထဲရေးနဲ့ ဆိုက်ဘာ လုံခြုံရေး ဝန်ကြီးအဖြစ် ကလယ်ရာ အိုနေးလ်၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ကေတီ ဂါလက်ချာတို့လို အမျိုးသမီးတွေကို ဝန်ကြီးချုပ်က ရွေးချယ်ထားခဲ့ပါတယ်။

သူ့ရဲ့ အစိုးရ အဖွဲ့သစ်ဟာ စိတ်လှုပ်ရှားစရာ အင်အားစု တစ်ခုဖြစ်ကြောင်း၊ သူဟာ အမှန်တကယ် အရည်အချင်း ပြည့်ဝပြီး လုပ်ငန်းတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်မယ်လို့ ယုံကြည်ယူဆတဲ့ သူတွေကို ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ရာထူးတွေမှာ ခန့်အပ်ခဲ့တာဖြစ်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း စကော့ မော်ရစ်ဆင် လက်ထက်က ဩစတြေးလျ အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီး ၇ ဦးထိ ပါဝင်ခဲ့ဖူးပေမယ့် အခုတော့ အယ်လ်ဘန်နိစ်ရဲ့ အစိုးရ အဖွဲ့က စံချိန် ထပ်ချိုးလိုက်တဲ့ သဘောပါ။ မော်ရစ်ဆင်ဟာ အစိုးရထဲမှာ အမျိုးသမီးတွေကို ပိုမို နေရာပေးတယ်ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့အစိုးရ အဖွဲ့ထဲမှာတင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ စွပ်စွဲမှုတွေ ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သူကိုယ်စားပြုတဲ့ လေဘာပါတီဟာ ပြီးခဲ့တဲ့လကုန် ရွေးကောက်ပွဲမှာ အနိုင်ရတာ သေချာပြီး လွှတ်တော် အမတ် နေရာတွေ အတိအကျ အတည်မပြုသေးခင် ကတည်းက အယ်လ်ဘန်နိစ်ဟာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲ ရလဒ်တွေ အားလုံး အပြီးသတ် အတည်ပြုနိုင်ခဲ့ပြီး လေဘာပါတီက အပြတ်အသတ် အနိုင်ရတာ သေချာသွားပြီးမှ သူ့စိတ်ကြိုက် အစိုးရ အဖွဲ့ကိုပါ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။