Connect with us

Hi, what are you looking for?

ဗီဒီယို

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို တုံ့ပြန်ပြီး ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား

စစ်ပွဲ အောက်မေ့ဖွယ် အခမ်းအနား တစ်ရပ်မှာ မိန့်ခွန်း ပြောတဲ့အခါ သမ္မတယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် စမ်းသပ်မှု အစီအမံတွေက ကိုရီးယား ကျွန်းဆွယ်ကိုသာ မကဘဲ အရှေ့မြောက် အာရှ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ စိန်ခေါ် ခြိမ်းခြောက်နေပြီလို့ ထည့်သွင်း ဝေဖန်သွားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်ဟာ ပင်လယ်ပြင်ထဲကို ဒုံးကျည် ၈ စင်း ပစ်ခတ်ပြခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းတပ် ဒုံးကျည်တွေ စမ်းသပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မဟာမိတ် နှစ်နိုင်ငံဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတသစ် ယွန်ဆွတ်ခ်ယိုလ်က သူ့အစိုးရ အဖွဲ့ဟာ မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမူတိုင်းကို တင်းတင်းမာမာ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

စစ်ပွဲ အောက်မေ့ဖွယ် အခမ်းအနား တစ်ရပ်မှာ မိန့်ခွန်း ပြောတဲ့အခါ သမ္မတယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် စမ်းသပ်မှု အစီအမံတွေက ကိုရီးယား ကျွန်းဆွယ်ကိုသာ မကဘဲ အရှေ့မြောက် အာရှ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ စိန်ခေါ် ခြိမ်းခြောက်နေပြီလို့ ထည့်သွင်း ဝေဖန်သွားပါတယ်။

မြောက်ကိုရီးယားဟာ ဇွန်လ ၅ ရက်က ပင်လယ်ပြင်ဖက်ကို ဒုံးကျည်တချို့ စမ်းသပ် ပစ်ခတ်ခဲ့ပြီး နာရီပိုင်းလောက်အကြာ ဇွန်လ ၆ ရက် မနက် အစောပိုင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း ဒုံးကျည် ၈ စင်း ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ၁ စင်းတည်းကိုသာ အမေရိကန်က ပစ်ခတ်ပြီး ၇ စင်းကိုတော့ တောင်ကိုရီးယား စစ်တပ်က ပစ်ခတ်ပြခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာရှရေးရာ လေ့လာသူတွေကတော့ သမ္မတ ယွန်ရဲ့ လက်ထက်မှာ တောင်ကိုရီးယားဟာ သူတို့ရဲ့ စစ်ရေးအင်အားကို ပိုပြီး ထင်ထင်ပေါ်ပေါ် ပြသလာဖွယ် ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ အရင် တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်း လက်ထက်ကတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေကို အခုလို ပုံစံမျိုးနဲ့ တုံ့ပြန်တာ မရှိသလောက် နည်းပါးခဲ့ပါတယ်။

ယွန်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်တဲ့ ကာလတွေ ကတည်းက သမ္မတမွန်းရဲ့ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒတွေကို ပျော့ညံ့လွန်းတယ်လို့ ဝေဖန်ခဲ့ပြီး သူသာ သမ္မတ ဖြစ်လာရင် မြောက်ကိုရီးယားအပေါ် တင်းတင်းမာမာ ဆက်ဆံသွားမယ်လို့ ကြွေးကြော်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။