Connect with us

Hi, what are you looking for?

ဗီဒီယို

ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနိုင်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် သတိပေး

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

ရွေးကောက်ခံ အမတ်တွေ နုတ်ထွက်ခြင်းကြောင့် ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနိုင်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်တ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဘန်းနက်တ်ရဲ့ လက်ယာစွန်း ဝါဒစွဲ ယာမီနာ ပါတီရဲ့ အမတ် တစ်ဦးဖြစ်တဲ့ နာအော်ဘတ်ချ်က သူဟာ အစိုးရ အဖွဲ့နဲ့ အဆက်အစပ် မရှိတော့ဘူးလို့ လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့နောက် ဝန်ကြီးချုပ်က အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဘန်းနက်တ်ရဲ့ နိုင်ငံရေး အမြင်တွေဟာ လက်ရှိ ညွန့်ပေါင်း အစိုးရထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။ အစ္စရေး ညွန့်ပေါင်း အစိုးရကို လက်ယာစွန်း ဝါဒီတွေ၊ လစ်ဘရယ် အလယ်အလတ် လမ်းစဉ်သမားတွေနဲ့ အစ္စရေး-အာရပ် ပါတီတွေ စုပေါင်းထားတာ ဖြစ်ပါတယ်။

ဒီညွန့်ပေါင်း အစိုးရဟာ ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟုရဲ့ စံချိန်တင် ၁၂ နှစ်ကြာ ကြီးစိုးမှုကို ပြီးခဲ့တဲ့နှစ်မှာ အဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဘန်းနက်တ်ရဲ့ ညွန့်ပေါင်း အစိုးရမှာလည်း အက်ကြောင်းတွေ ထင်လာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

အော်ဘတ်ချ် နုတ်ထွက်သွားသလိုပဲ ညွန့်ပေါင်း အစိုးရထဲက နောက်ထပ် မဟာမိတ် ပါတီဝင်တွေလည်း ဘန်းနက်တ်ကို ကျောခိုင်းသွားဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဖြစ်လာရင် ဘန်းနက်တ်ရဲ့ မဟာမိတ် အစိုးရ အဖွဲ့ဟာ လွှတ်တော်ထဲမှာ အင်အား အသာစီး ယူထားနိုင်တဲ့ အခြေအနေကို လက်လွှတ်လိုက်ရမှာပါ။

တစ်ဖက်မှာလည်း လက်ရှိ အတိုက်အခံ ခေါင်းဆောင် ဖြစ်နေသလို အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတဲ့ နာတန်ညာဟုက အခြေအနေ ပေးတာနဲ့ သူ့ရဲ့ ဝန်ကြီးချုပ် နေရာကို အရပြန်ယူမယ်လို့ ကြိမ်းဝါးထားပါတယ်။

အစိုးရ အဖွဲ့ထဲမှာ အကွဲအပြဲတွေ ဖြစ်နေတယ် ဆိုတာဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အထင်အရှား ပေါ်လွင်လာခဲ့ပါတယ်။ အစိုးရက အစ္စရေး သိမ်းပိုက်ထားရာ အနောက်ဖက် ကမ်းခြေ ဒေသမှာ ဂျူးတွေ အခြေချမှုနဲ့ ပတ်သက်လို့ အခြေခံ အခွင့်အရေး ဥပဒေမူကြမ်းကို သက်တမ်းတိုးဖို့ အဆိုပြုခဲ့ပေမယ့် လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရလဒ်ဟာ ညွန့်ပေါင်း အစိုးရအတွက် သတိပေး ခေါင်းလောင်းသံလည်း ဖြစ်လာပါတယ်။

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

လတ်တလောမှာတော့ သူတို့ဟာ အစိုးရရဲ့ ရပ်တည်မှုအတွက် တိုက်ပွဲဝင်နေကြောင်း၊ ဒါဟာ အရှုပ်အထွေးတွေနဲ့ တည်ငြိမ်မှုကြား ရွေးချယ်မှုအတွက် တိုက်ပွဲလည်းဖြစ်ကြောင်း လွှတ်တော်မိန့်ခွန်းမှာ ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။