Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနိုင်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် သတိပေး

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

ရွေးကောက်ခံ အမတ်တွေ နုတ်ထွက်ခြင်းကြောင့် ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနိုင်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်တ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဘန်းနက်တ်ရဲ့ လက်ယာစွန်း ဝါဒစွဲ ယာမီနာ ပါတီရဲ့ အမတ် တစ်ဦးဖြစ်တဲ့ နာအော်ဘတ်ချ်က သူဟာ အစိုးရ အဖွဲ့နဲ့ အဆက်အစပ် မရှိတော့ဘူးလို့ လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့နောက် ဝန်ကြီးချုပ်က အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဘန်းနက်တ်ရဲ့ နိုင်ငံရေး အမြင်တွေဟာ လက်ရှိ ညွန့်ပေါင်း အစိုးရထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။ အစ္စရေး ညွန့်ပေါင်း အစိုးရကို လက်ယာစွန်း ဝါဒီတွေ၊ လစ်ဘရယ် အလယ်အလတ် လမ်းစဉ်သမားတွေနဲ့ အစ္စရေး-အာရပ် ပါတီတွေ စုပေါင်းထားတာ ဖြစ်ပါတယ်။

ဒီညွန့်ပေါင်း အစိုးရဟာ ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟုရဲ့ စံချိန်တင် ၁၂ နှစ်ကြာ ကြီးစိုးမှုကို ပြီးခဲ့တဲ့နှစ်မှာ အဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဘန်းနက်တ်ရဲ့ ညွန့်ပေါင်း အစိုးရမှာလည်း အက်ကြောင်းတွေ ထင်လာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

အော်ဘတ်ချ် နုတ်ထွက်သွားသလိုပဲ ညွန့်ပေါင်း အစိုးရထဲက နောက်ထပ် မဟာမိတ် ပါတီဝင်တွေလည်း ဘန်းနက်တ်ကို ကျောခိုင်းသွားဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဖြစ်လာရင် ဘန်းနက်တ်ရဲ့ မဟာမိတ် အစိုးရ အဖွဲ့ဟာ လွှတ်တော်ထဲမှာ အင်အား အသာစီး ယူထားနိုင်တဲ့ အခြေအနေကို လက်လွှတ်လိုက်ရမှာပါ။

တစ်ဖက်မှာလည်း လက်ရှိ အတိုက်အခံ ခေါင်းဆောင် ဖြစ်နေသလို အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတဲ့ နာတန်ညာဟုက အခြေအနေ ပေးတာနဲ့ သူ့ရဲ့ ဝန်ကြီးချုပ် နေရာကို အရပြန်ယူမယ်လို့ ကြိမ်းဝါးထားပါတယ်။

အစိုးရ အဖွဲ့ထဲမှာ အကွဲအပြဲတွေ ဖြစ်နေတယ် ဆိုတာဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အထင်အရှား ပေါ်လွင်လာခဲ့ပါတယ်။ အစိုးရက အစ္စရေး သိမ်းပိုက်ထားရာ အနောက်ဖက် ကမ်းခြေ ဒေသမှာ ဂျူးတွေ အခြေချမှုနဲ့ ပတ်သက်လို့ အခြေခံ အခွင့်အရေး ဥပဒေမူကြမ်းကို သက်တမ်းတိုးဖို့ အဆိုပြုခဲ့ပေမယ့် လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရလဒ်ဟာ ညွန့်ပေါင်း အစိုးရအတွက် သတိပေး ခေါင်းလောင်းသံလည်း ဖြစ်လာပါတယ်။

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

လတ်တလောမှာတော့ သူတို့ဟာ အစိုးရရဲ့ ရပ်တည်မှုအတွက် တိုက်ပွဲဝင်နေကြောင်း၊ ဒါဟာ အရှုပ်အထွေးတွေနဲ့ တည်ငြိမ်မှုကြား ရွေးချယ်မှုအတွက် တိုက်ပွဲလည်းဖြစ်ကြောင်း လွှတ်တော်မိန့်ခွန်းမှာ ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။