Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အဖျားဗိုင်းရပ်စ်ကို အသုံးပြုထားတဲ့ ကင်ဆာကုထုံးက ရလဒ်ကောင်းတွေ ပြသနေ

စမ်းသပ်ဆဲအဆင့် အဲဒီနည်းကို အသုံးပြု ကုသခဲ့တဲ့ လူနာတစ်ယောက်ဟာ ကင်ဆာရောဂါ လုံးဝဥဿုံ ပျောက်ကင်းသွားပြီး ကျန်တဲ့ လူနာတွေမှာတော့ ကင်ဆာ အကြိတ်တွေက သိသိသာသာ သေးငယ်သွားတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်တွေကို အသုံးပြုတဲ့ ကင်ဆာရောဂါ စမ်းသပ်အဆင့် ကုထုံးတစ်ခုဟာ အလားအလာကောင်းတွေ တွေ့မြင်နေရကြောင်း ဗြိတိန် သုတေသီတွေက ပြောကြားခဲ့ပါတယ်။

စမ်းသပ်ဆဲအဆင့် အဲဒီနည်းကို အသုံးပြု ကုသခဲ့တဲ့ လူနာတစ်ယောက်ဟာ ကင်ဆာရောဂါ လုံးဝဥဿုံ ပျောက်ကင်းသွားပြီး ကျန်တဲ့ လူနာတွေမှာတော့ ကင်ဆာ အကြိတ်တွေက သိသိသာသာ သေးငယ်သွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကုထုံးဟာ လူတွေမှာ အပျော့စား အအေးမိ အဖျားရောဂါ ဖြစ်ပွားစေတတ်တဲ့ ဗိုင်းရပ်စ်တွေကို အခြေခံ အသုံးပြုထားတာလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကို မျိုးဗီဇ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လိုက်တဲ့အခါ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား ဖျက်ဆီးတဲ့ သွင်ပြင်မျိုး ပြောင်းလဲသွားခဲ့ပါတယ်။

ဒီကုထုံးနဲ့ ပတ်သက်လို့ ပိုပြီး ပြည့်စုံတဲ့ သုတေသနပြုမှုတွေ လိုအပ်နေဆဲ ဖြစ်ပေမယ့် လန်ဒန်မြို့ အနောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ခရစ်ဇ်တော့ဖ် ဝေါ့ဂျ်ကိုစကီး အတွက်တော့ အမှန်တကယ် အကျိုးအာနိသင် ထူးခြားခဲ့ပါတယ်။ သူဟာ တော်ဝင်မက်ဒ်ဆန် ဖောင်ဒေးရှင်းနဲ့ အမျိုးသား ကျန်းမာရေး ဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်တဲ့ စမ်းသပ်ကုထုံးမှာ ဆန္ဒအလျောက် ပါဝင်ခဲ့သူပါ။

ဝေါ့ဂျ်ကိုစကီးဟာ တံတွေးဂလင်း ကင်ဆာ စွဲကပ်နေကြောင်း ၂၀၁၇ ခုနှစ်မှာ ဆေးစစ် တွေ့ရှိလာခဲ့ပါတယ်။ အဲဒီတုန်းက ခွဲစိတ်တာ အပါအဝင် ကုသမှု နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် ရောဂါ မပျောက်ခဲ့သလို ကင်ဆာကြိတ်တွေကလည်း ဆက်ပြီး ကြီးထွားလာခဲ့ပါတယ်။ ဒီတော့ သူဟာ အခု စမ်းသပ် ကုထုံးမှာ ပါဝင်ကြည့်ဖို့ကလွဲရင် ရွေးချယ်စရာ မရှိတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ဝေါ့ဂျ်ကိုစကီးက ရှင်းပြပါတယ်။

ဒါပေမဲ့ ကုထုံးကို စတင်ခံယူပြီး အရမ်းတိုတောင်းတဲ့ အချိန်အတွင်းမှာတင် သူ့ရဲ့ ကင်ဆာရောဂါက ပျောက်ကွယ်သွားခဲ့တာကြောင့် ဝေါ့ဂျ်ကိုစကီးတစ်ယောက် အကြီးအကျယ် အံ့ဩ ဝမ်းသာနေပါတယ်။ မျိုးဗီဇ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ်ကို နှစ်ပတ်တစ်ကြိမ် ထိုးသွင်းခံခဲ့ကြောင်း၊ သိပ်မကြာခင်မှာပဲ ရောဂါ ပျောက်သွားပြီး အခုဆိုရင် ကင်ဆာရောဂါ လုံးဝ မရှိတာ ၂ နှစ် ကြာလာခဲ့ပြီဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ကီဗင် ဟယ်ရင်တန်က ဒီကုထုံးမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ကို ကင်ဆာကြိတ်တွေဆီ တည့်တည့် ထိုးသွင်းရတာလို့ ပြောပါတယ်။ အဲဒီအခါ ကုထုံးက နည်းလမ်းနှစ်သွယ်နဲ့ အလုပ်လုပ်ပါတယ်။ ပထမနည်းက ကင်ဆာဆဲလ်တွေကို ဖျက်ဆီးလိုက်တာဖြစ်ပြီး နောက်တစ်နည်းကတော့ ကင်ဆာကို တုံ့ပြန်နိုင်မယ့် ကိုယ်ခံအားတွေ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးတယ်လို့ ပရော်ဖက်ဆာ ဟယ်ရင်တန်က ရှင်းပြပါတယ်။

ဗြိတိန်မှာ အဲဒီကုထုံးနဲ့ စမ်းသပ်ကုသ ခံယူနေသူ ၄၀ လောက်ရှိပြီး အားလုံးလိုလို တိုးတက်မှုတွေ အနည်းနဲ့အများ ရရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်ထိတော့ ဗိုင်းရပ်စ် ထိုးသွင်းတဲ့ ကုထုံးကြောင့် ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုး မတွေ့ရသေးဘဲ ကုထုံးတစ်ကြိမ် ခံယူပြီးရင် အနည်းငယ် ကိုက်ခဲတာ၊ နွမ်းနယ်တာနဲ့ ခပ်ပျော့ပျော့ ဖျားတာလောက်တော့ ကြုံရတတ်တယ်လို့လည်း သိရပါတယ်။