Connect with us

Hi, what are you looking for?

ဗီဒီယို

ဒေါ်လာ သန်း ၇၀ ကျော်တန်တဲ့ ရှေးဟောင်းပစ္စည်းတွေ ကွဲအက်ပျက်စီးခဲ့ကြောင်း ထိုင်ဝမ် ပြတိုက် ဝန်ခံ

ထိုင်ဝမ် အမျိုးသား နန်းတော်ရာ ပြတိုက်က မင်နဲ့ကွင် မင်းဆက်ခေတ် ရှေးဟောင်းပစ္စည်း ၃ ခုကို မတော်တဆ ကွဲအက် ပျက်စီးစေခဲ့ကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း သီးခြားစီ ပေါ်ပေါက်ခဲ့ရာက အခုကျမှ ပြတိုက်က အတည်ပြု ကြေညာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဒေါ်လာ သန်းပေါင်းတော်တော်များများ တန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို မတော်တဆ ခွဲခဲ့မိတယ်လို့ ထိုင်ဝမ်က ပြတိုက်တစ်ခုက ဝန်ခံခဲ့ပါတယ်။

ထိုင်ဝမ် အမျိုးသား နန်းတော်ရာ ပြတိုက်က မင်နဲ့ကွင် မင်းဆက်ခေတ် ရှေးဟောင်းပစ္စည်း ၃ ခုကို မတော်တဆ ကွဲအက် ပျက်စီးစေခဲ့ကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း သီးခြားစီ ပေါ်ပေါက်ခဲ့ရာက အခုကျမှ ပြတိုက်က အတည်ပြု ကြေညာတာ ဖြစ်ပါတယ်။

ရှေးလက်ရာ ပန်းကန်လုံးတစ်ခု၊ ပန်းကန်ပြားတစ်ချပ်နဲ့ လက်ဖက်ရည်ကြမ်းခွက် တစ်ခွက်တို့ရဲ့ ကာလပေါက်စျေးဟာ စုစုပေါင်း ဒေါ်လာ ၇၇ သန်းထက်မနည်း ရှိပါတယ်။ အစောပိုင်းမှာ ပြတိုက်က ဒီကိစ္စကို သိုသိုသိပ်သိပ် ဖုံးဖိထားပေမယ့် အတိုက်အခံ လွှတ်တော်အမတ် ချန်အီရှင်က သတင်းရပြီး လွှတ်တော်မှာ အဆိုတင် မေးမြန်းတော့မှ အမှန်အတိုင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အခုတော့ ပြတိုက်ရော၊ ပြတိုက် ဒါရိုက်တာ ဝူမင်ချာကပါ ထိန်းသိမ်းထားတဲ့ ရှေးဟောင်းလက်ရာတွေ ကွဲအက်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို တမင်တကာ ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ပြတိုက်ဖက်ကရော၊ ဝူကပါ ငြင်းဆန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဝူရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်မှာ ပစ္စည်းတွေကို ပြန်စစ်တဲ့အချိန် မင်ခေတ်နဲ့ ကွင်ခေတ်လက်ရာ ရှေးဟောင်းပစ္စည်းနှစ်ခု ထိခိုက်ပျက်စီးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်၊ မေလ ၁၉ ရက်မှာတော့ ဝန်ထမ်းတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့် ပန်းကန်ပြားတစ်ချပ်ပါ ထပ်ကွဲသွားတယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေကို လူမြင်ကွင်းမှာ ဘယ်တုန်းကမှ ထုတ်မပြခဲ့ဖူးသလို အာမခံလည်း မထားမိဘူးလို့ ဆိုပါတယ်။ ထိုင်ပေမြို့ပြင် ဆင်ခြေဖုံး ဧရိယာမှာ တည်ရှိတဲ့ အမျိုးသား နန်းတော်ရာ ပြတိုက်ဟာ ကမ္ဘာပေါ်မှာ တရုတ် ရှေးဟောင်းလက်ရာတွေ အများဆုံး စုဆောင်းထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပြတိုက်မှာ နှစ်ပေါင်း ၅၀၀၀ လောက် ကြာညောင်းခဲ့တဲ့ တရုတ်သမိုင်းကြောင်းကို ထင်ဟပ်စေတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်နေကြောင်းလည်း ကြွေးကြော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာ

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် စိုးရိမ်သင့်တဲ့ အခြေအနေ ဖြစ်တာကြောင့် ထိုင်ဝမ်ဖက်ကလည်း ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်ထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။