Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ရေးကိစ္စ အနောက်နိုင်ငံတွေကြား အယူအဆ ကွဲပြားမှုတွေရှိနေ

ယူကရိန်းဟာ ဆိုဗီယက် နည်းပညာသုံး သက်တမ်းရင့် တိုက်လေယာဉ်တွေကိုသာ အဓိက အားကိုးနေရပြီး ရုရှားရဲ့ လေကြောင်းအင်အား သာလွန်မှုကို တွန်းလှန်ဖို့ ရုန်းကန်နေရတာကြောင့် F-16တွေ အပါအဝင် အနောက်နိုင်ငံ နည်းပညာသုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို အလိုရှိနေတာ ဖြစ်ပါတယ်။

ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ သင့်မသင့် ဆိုတာကို အနောက် မဟာမိတ် နိုင်ငံတွေကြားမှာ အယူအဆ ကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ နည်းပညာမြင့် တင့်ကားတွေ၊ တိုက်လေယာဉ်တွေ ဝိုင်းဝန်း ထောက်ပံ့ပေးကြဖို့ ပန်ကြားထားပါတယ်။ ဗြိတိန်၊ ဂျာမနီနဲ့ အမေရိကန်တို့ဟာ ယူကရိန်းအတွက် ခေတ်မီ တင့်ကားတွေ ပို့ဆောင်ဖို့ အသီးသီး ကတိပြုထားပြီး ပြင်သစ်၊ ပိုလန်စတဲ့ NATO အဖွဲ့ဝင်တွေကလည်း အဲဒီလမ်းကြောင်းအတိုင်း လိုက်မယ့် အရိပ်အခြေ ရှိနေကြပါတယ်။

ဒါပေမဲ့ ယူကရိန်းဟာ ဂျာမန်လုပ် တိုက်လေယာဉ်တွေကိုတော့ လက်ခံ ရရှိမှာ မဟုတ်ဘူးလို့ ဂျာမနီ အစိုးရ အဓိပတိ အိုလက်ဖ်ရှော့ဇ်က အတိအလင်း ပြောကြားထားပါတယ်။ မရှေးမနှောင်းမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဇီလန်စကီး လိုချင်နေတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းဆီ လွှဲပေးဖို့ မဖြစ်နိုင်သေးကြောင်း အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာတော့ ဗြိတိန် ဝန်ကြီးချုပ် ရှီရှီဆူနက်ခ်ကပါ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ ဆိုတာက လက်တွေ့ကျတဲ့ အခြေအနေမှာ ရှိမနေကြောင်း ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်က သူတို့ရဲ့ Rafale တိုက်လေယာဉ်တွေ ယူကရိန်းဆီ ပေးပို့ဖို့က ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ ပိုလန် အစိုးရကလည်း သူတို့လက်ထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ် တချို့ကို ယူကရိန်းဆီ ပို့ဆောင်ဖို့ လိုလားကြောင်း ပြသထားပါတယ်။ ပိုလန်မှာလည်း အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပြီး NATO နိုင်ငံတွေကသာ သဘောတူရင် ယူကရိန်းဆီ လက်လွှဲပေးဖို့ အသင့်ပဲလို့ ပိုလန် ဝန်ကြီးချုပ် မက်တူးစ်ဇ် မော်ရာဝစ်ကီက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ဆိုဗီယက် နည်းပညာသုံး သက်တမ်းရင့် တိုက်လေယာဉ်တွေကိုသာ အဓိက အားကိုးနေရပြီး ရုရှားရဲ့ လေကြောင်းအင်အား သာလွန်မှုကို တွန်းလှန်ဖို့ ရုန်းကန်နေရတာကြောင့် F-16တွေ အပါအဝင် အနောက်နိုင်ငံ နည်းပညာသုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို အလိုရှိနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။