Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုက်ဆံမရလို့ မြန်မာ စစ်တပ်အတွက် အလုပ် ဆက်မလုပ်တော့ဘူးလို့ အစ္စရေး လော်ဘီပြော

ဘန်မီနာရှီက သူတို့အတွက် အခကြေးငွေ မရကြောင်း၊ ငွေပမာဏက အရမ်းများပြားကြောင်း ပြောပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံတကာမှာ အမြင်လှအောင် ကူညီပေးဖို့ တာဝန်ယူထားတဲ့ လော်ဘီ ကုမ္ပဏီဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးနေတာကို ရပ်နားထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေနဲ့အတူ သူ့အတွက် ရသင့်ရထိုက်တဲ့ အခကြေးငွေ မရတော့တာကြောင့် မြန်မာ စစ်တပ်အတွက် လော်ဘီ ဆက်လုပ်ပေးတော့မှာ မဟုတ်ကြောင်း အစ္စရေး နိုင်ငံသား အရီ ဘန်မီနာရှီက ပြောပါတယ်။ ကနေဒါ နိုင်ငံ၊ မွန်ထရယ်လ်မြို့မှာ အခြေစိုက်ထားတဲ့ သူ့ရဲ့ Dickens & Madson ကုမ္ပဏီဟာ အာဏာသိမ်း စစ်တပ်အတွက် နိုင်ငံတကာ မျက်နှာစာမှာ လော်ဘီလုပ်ပေးဖို့ ဒေါ်လာ ၂ သန်းတန် သဘောတူ စာချုပ်ကို ချုပ်ဆိုထားပါတယ်။

အထူးသဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေး တိုးတက်လာအောင် လော်ဘီ လုပ်ပေးဖို့ Dickens & Madson ကုမ္ပဏီက တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အာဏာသိမ်း မြန်မာ စစ်တပ်ဟာ အမေရိကန်ရဲ့ မျက်နှာသာပေးမှု မရဘဲ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်တိုက် ကြုံနေရပါတယ်။

နိုင်ငံတကာ ဥပဒေ အသိုက်အဝန်းကလည်း ဘန်မီနာရှီဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်တပ်ကို ကိုယ်စားပြု အလုပ်လုပ်ပေးနေတာကြောင့် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ခံလာရာမှာကို စိုးရိမ်ပုံ ရတယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန် အစိုးရဟာ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်သလို စစ်တပ် အဆက်အနွှယ်တွေကို အရေးယူဖို့လည်း ပိုပြီး အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဘန်မီနာရှီက သူတို့အတွက် အခကြေးငွေ မရကြောင်း၊ ငွေပမာဏက အရမ်းများပြားကြောင်း ပြောပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေက ငွေပေးချေမှု ရပ်တန့်ထားတဲ့ အကြောင်းကို ပြီးခဲ့တဲ့လမှာ လှမ်းအသိပေးလာတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်နေချိန် အတောအတွင်း ဘန်မီနာရှီဟာ မြန်မာနိုင်ငံကို CNNနဲ့ တခြား မီဒီယာ တချို့က သတင်းထောက်တွေ ဝင်ခွင့်ရအောင် ကြားဝင် ညှိနှိုင်းပေးခဲ့ဖူးပါတယ်။ သူဟာ မြန်မာ စစ်ခေါင်းဆောင်တွေအတွက် တခြား ဘာတွေ လုပ်ပေးခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ပြောကြားဖို့ ငြင်းဆိုသွားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့သာ ယေဘုယျဆန်ဆန် မှတ်ချက် ပေးသွားခဲ့ပါတယ်။

အီရန်နွယ်ဖွား အစ္စရေး-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်နဲ့ လုံခြုံရေး အတိုင်ပင်ခံ ဘန်မီနာရှီဟာ ကမ္ဘာအနှံ့က အာဏာရှင် အစိုးရတွေနဲ့ အဆက်အစပ် ရှိတယ်ဆိုပြီး နာမည်ဆိုး ထွက်နေပါတယ်။ အစ္စရေး မော့ဆက်ဒ် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး၊ လက်နက်ပွဲစား တစ်ဦး အဖြစ်လည်း ဘန်မီနာရှီကို လူသိများခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။