Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ပြီး အိမ်ခြေ ၉၀၀ ကျော် ထိခိုက်ပျက်စီး

ငလျင်ကြောင့် အိမ်ခြေ ၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို လူ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု အများစုဟာ ပန်ဒက်လန်နဲ့ ဘန်တန် ခရိုင်တွေမှာ ဖြစ်ပွားခဲ့တာပါ။

အင်ဒိုနီးရှား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆.၆ အဆင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု တော်တော်များများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်က မြို့တော် ဂျကာတာနဲ့ အနီးတဝိုက်က ဒေသတချို့ဟာ ငလျင်ရဲ့ လှုပ်ခါယိမ်းထိုးမှုကို သိသိသာသာ သက်ရောက် ခံစားခဲ့ကြရပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ ဂျကာတာရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၅၀ ကျော်လောက် အကွာက ဆူမူအား ဒေသကို ဦးတည်ခဲ့ကြောင်း အင်ဒိုနီးရှား ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် အိမ်ခြေ ၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို လူ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု အများစုဟာ ပန်ဒက်လန်နဲ့ ဘန်တန် ခရိုင်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ငလျင်လှုပ်ခတ်ချိန်က ဂျကာတာမှာ မြို့ခံတွေ အများအပြားဟာ အထိတ်တလန့်ဖြစ်ပြီး လမ်းတွေပေါ် ပြေးထွက်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါပေမဲ့ ဂျကာတာမှာ အကြီးစား ထိခိုက်ပျက်စီးမှု သတင်းမျိုး မကြားရသလို ထိခိုက်သေကြေမှုလည်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် အထိတ်တလန့်တွေ ဖြစ်ခဲ့ပေမယ့် ဒဏ်ရာရသူ ၂ ဦးသာ စာရင်းရှိခဲ့ကြောင်း၊ အဲဒီ ၂ ဦးကလည်း သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ရင် ကောင်းမွန်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာကြောင့် အသေးအမွှားလောက်သာ ထိခိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

လတ်တလောမှာတော့ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်လှုပ်နိုင်တာကြောင့် ဒေသခံတွေ နိုးနိုးကြားကြား ရှိကြဖို့ တိုက်တွန်းထားပါတယ်။ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိတဲ့ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။