Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပျော်စီး လှေနဲ့အတူ ပျောက်ဆုံးသွားသူ ၁၀ ဦး သေဆုံးသွားပြီလို့ ဂျပန် ကမ်းခြေစောင့်တပ်ပြော

Kazu 1ပေါ်မှာ လူ ၂၆ ဦး လိုက်ပါသွားတဲ့အနက် ၁၆ ယောက်လောက်ကို ဆယ်ယူ ကယ်တင်နိုင်ခဲ့ပေမယ့် ဧပြီ ၂၃ ရက် ညပိုင်းထိ ကျန်တဲ့ ၁၀ ဦးကို ရှာမတွေ့ခဲ့ပါဘူး။ နောက်နေ့မှာတော့ ပျောက်ဆုံးနေသူတွေ အားလုံး အသက်ဆုံးရှုံးခဲ့ပြီလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ အပျော်စီး လှေပေါ်မှာ လိုက်ပါသွားသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပါတယ်။

Kazu 1 ရေယာဉ်ဟာ ဟော့ကိုင်းဒိုးကျွန်း ကမ်းလွန် ရေပြင်မှာ ရှုမျှော်ခင်းကြည့် ခရီးစဉ်အဖြစ် ခုတ်မောင်းရင်း ပျောက်ဆုံးသွားခဲ့တာပါ။ အဲဒီ ရေပြင်ကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ဇုန်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ရှုမျှော်ခင်းကြည့် ရေယာဉ်တွေ အများအပြား သွားရောက်လေ့ ရှိပါတယ်။ ပုံမှန်ဆိုရင် သုံးနာရီ ဝန်းကျင်လောက် ကြာမြင့်တဲ့ ခရီးစဉ်မှာ ဖျံတွေ၊ ဝေလငါးတွေကို တွေ့ရတတ်တာကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အထူးရေပန်းစားပါတယ်။

Kazu 1ဟာ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းမှာ ထွက်ခွာသွားပြီး ကတည်းက ဆိပ်ကမ်းကို ပြန်မလာနိုင်တော့ပါဘူး။ ရေယာဉ် အမှုထမ်းတွေက သူတို့ရဲ့ ရေယာဉ်ဟာ ၃၀ ဒီဂရီ တိမ်းစောင်းပြီး စတင် နစ်မြုပ်နေပြီလို့ အရေးပေါ် အကြောင်းကြား အကူအညီ တောင်းခံနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဂျပန် ကမ်းခြေစောင့်တပ် ရေယာဉ်တွေကို ချက်ချင်း စေလွှတ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဒေသခံ တံငါလှေတွေကပါ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်း အားဖြည့်ခဲ့ကြပါတယ်။

Kazu 1ပေါ်မှာ လူ ၂၆ ဦး လိုက်ပါသွားတဲ့အနက် ၁၆ ယောက်လောက်ကို ဆယ်ယူ ကယ်တင်နိုင်ခဲ့ပေမယ့် ဧပြီ ၂၃ ရက် ညပိုင်းထိ ကျန်တဲ့ ၁၀ ဦးကို ရှာမတွေ့ခဲ့ပါဘူး။ နောက်နေ့မှာတော့ ပျောက်ဆုံးနေသူတွေ အားလုံး အသက်ဆုံးရှုံးခဲ့ပြီလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကင်းလှည့် ရေယာဉ်တွေ၊ လေယာဉ်တွေကိုပါ အသုံးပြုပြီး Kazu 1နဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တဲ့ ရေပြင်တဝိုက် ဖြန့်ကျက် ရှာဖွေခဲ့ကြပါတယ်။ အဲဒီနေရာမှာ လှိုင်းအရမ်း ထန်နေတဲ့အတွက် ကယ်ဆယ်ရေးမှာ ပါဝင်ပူးပေါင်းနေတဲ့ တံငါလှေတွေက နာရီပိုင်းလောက် အကြာမှာ ဆိပ်ကမ်းကို လှည့်ပြန်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ပျောက်ဆုံးနေသူတွေ ဘာကြောင့် သေဆုံးရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Kazu 1ပေါ် ပါသွားသူ အားလုံးက အသက်ကယ် အင်္ကျီတွေ ဝတ်ဆင်ထားကြတယ်လို့ လွတ်မြောက်လာတဲ့ ရေယာဉ် အမှုထမ်း တချို့က ပြောပါတယ်။ ဒါပေမဲ့ ရေယာဉ် ပျောက်ဆုံးတဲ့ ရေပြင် ဧရိယာဟာ ညပိုင်းဆိုရင် ရေခဲမှတ်ထိ အပူချိန် ကျဆင်းနေတတ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။