Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် တော်လှန်ရေး အစောင့်တပ် ထိပ်တန်း အရာရှိတစ်ယောက် နေအိမ်ရှေ့မှာ လုပ်ကြံခံရ

အီရန်မှာ ထုတ်လုပ်တဲ့ Kia Pride အမျိုးအစား ကားလေးထဲမှာ ခိုဒေအီ ရှိနေတဲ့အချိန် ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သွားခဲ့တာပါ။ ခိုဒေအီဟာ တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်တဲ့ ကွက်ဒ်စ်မှာ ပါဝင်သူ တစ်ဦးလို့လည်း ဆိုပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ဩဇာကြီးမားတဲ့ အရာရှိ တစ်ဦးဟာ မြို့တော် တဟီရန်က နေအိမ်နားမှာပဲ လုပ်ကြံ ခံလိုက်ရကြောင်း သိရပါတယ်။

မေလ ၂၂ ရက်က ဗိုလ်မှူးကြီး ဟာဆန် ဆေယက်ဒ် ခိုဒေအီဟာ အိမ်ရှေ့မှာ ရှိနေတုန်း ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ် လုပ်ကြံတာ ခံခဲ့ရတာပါ။ လူနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးပေါ် လိုက်ပါ စီးနင်းလာရင်း ခိုဒေအီကို ဆက်တိုက် ပစ်ခတ်သွားတာလို့ မျက်မြင်တွေက ပြောပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်က သူတို့ရဲ့ ဗိုလ်မှူးကြီး အသတ်ခံခဲ့ရတဲ့ သတင်းကို အတည်ပြုခဲ့ပြီး ခိုဒေအီဟာ အနည်းဆုံး ကျည်ဆန် ၅ ချက်လောက် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ နေ့ခင်းကြောင်တောင် ဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှုအကြောင်း အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လက်ချက် ဆိုတဲ့ သဘောမျိုး တော်လှန်ရေး အစောင့်တပ်က စွပ်စွဲ ပြစ်တင်ထားပါတယ်။

အရင်ကလည်း အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင်တချို့ ပြည်တွင်းမှာတင် လုပ်ကြံ ခံခဲ့ရပြီး ရန်သူတော် အစ္စရေးရဲ့ လက်ချက်လို့ အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲခဲ့ဖူးပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

အီရန်မှာ ထုတ်လုပ်တဲ့ Kia Pride အမျိုးအစား ကားလေးထဲမှာ ခိုဒေအီ ရှိနေတဲ့အချိန် ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သွားခဲ့တာပါ။ ခိုဒေအီဟာ တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်တဲ့ ကွက်ဒ်စ်မှာ ပါဝင်သူ တစ်ဦးလို့လည်း ဆိုပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ဟာ နိုင်ငံရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး အီရန် စစ်တပ်ထက်တောင် ပိုမို အရေးပါနေပါတယ်။ အီရန်ရဲ့ နျူကလီးယားလက်နက် နည်းပညာ ဖော်ဆောင်ရေး သုတေသန လုပ်ငန်းတွေကိုလည်း အီရန် တော်လှန်ရေး အစောင့်တပ်ကပဲ ချုပ်ကိုင်ထားပါတယ်။ အမေရိကန် အစိုးရတော့ အီရန် တော်လှန်ရေး အစောင့်တပ်ကို အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ် ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။