Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား

လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။

လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား
လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား

အီသီယိုးပီးယားက ခရီးသည်တင် လေယာဉ် တစ်စီးပေါ်မှာ လေယာဉ်မှူး နှစ်ယောက်စလုံး အိပ်ပျော်ပြီး လေယာဉ်က လေဆိပ်ကို ကျော်သွားခဲ့ကြောင်း သိရပါတယ်။

ရယ်ရအခက်၊ စိတ်ဆိုးရအခက် ဖြစ်စေခဲ့တဲ့ ကမောက်ကမ ကိစ္စဟာ အခုသီတင်းပတ် အစောပိုင်းက ပေါ်ပေါက်ခဲ့တာလို့ အီသီယိုးပီးယား လေကြောင်းလိုင်းက အတည်ပြုပါတယ်။ လေယာဉ်မှူး နှစ်ယောက်စလုံးဟာ အမြင့်ပေ ၃၇၀၀၀ လောက်မှာ လေယာဉ်ကို Autopilot စနစ်နဲ့ အလိုအလျောက် ပျံသန်းနေစေရင်းက အိပ်ပျော်သွားခဲ့ပါတယ်။

လေယာဉ်ဟာ ဆူဒန်ရဲ့ မြို့တော် ခါတွန်ကနေ ပျံတက်လာပြီး အီသီယိုးပီးယားရဲ့မြို့တော် အက်ဒစ်ဘာဘာကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ပျမ်းမျှ ၂ နာရီလောက်ပဲ ကြာမြင့်ပါတယ်။ လေယာဉ်က အက်ဒစ်ဘာဘာ လေဆိပ်ကို ကျော်လွန်သွားပြီး Autpilot စနစ် အဆက်ပြတ်သွားကြောင်း အချက်ပေးသံတွေ မြည်ဟည်းလာမှ လေယာဉ်မှူး နှစ်ယောက်စလုံး အထိတ်တလန့် နိုးလာကြတာလို့ ဆိုပါတယ်။

လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။ မျှော်စင်ကနေ လေယာဉ်ကို အကြိမ်တချို့ ဆက်သွယ်ပေမယ့် လေယာဉ်မှူးတွေက ဘာမှ အကြောင်းမပြန်ပါဘူး။

Public Service Announcement

Public Service Announcement

လေယာဉ်က သတ်မှတ် ခရီးစဉ် အဆုံးသတ်မှာ မဆင်းဘဲ ကျော်သွားတဲ့ အခါကျတော့ Autopilot စနစ်က အလိုလို အဆက်ပြတ်သွားပြီး အချက်ပေးသံတွေ မြည်လာတဲ့အတွက် ကာလနဂါး လေယာဉ်မှူး နှစ်ယောက်လည်း လန့်နိုးသွားပါတယ်။ အဲဒီကျမှ လမ်းကြောင်း ပြန်ကွေ့ပြီး အက်ဒစ်ဘာဘာ လေဆိပ်မှာ လေယာဉ် ဆင်းသက်ခဲ့ပါတယ်။ လေယာဉ် ဆင်းသက်ချိန်က မူလထက် ၂၅ မိနစ် ပိုနောက်ကျသွားပါတယ်။

အခုတော့ လေယာဉ်မှူး နှစ်ယောက်စလုံး ပျံသန်းခွင့် ယာယီပိတ်ပင် ခံထားရပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေကြောင်းပျံသန်းမှု လုံခြုံရေး သုတေသီ တစ်ဦးဖြစ်တဲ့ အဲလက်စ် မက်ခါရက်စ်က လေယာဉ်မှူးတွေ တစ်ရေးတမော အိပ်ကြတာဟာ စိုးရိမ်စရာဖြစ်ပြီး တစ်ဖက်မှာလည်း လေယာဉ်မှူးတွေရဲ့ ပင်ပန်း နွမ်းနယ်မှုကို ဆန်းစစ်ပေးဖို့လိုကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ လေယာဉ်မှူးတွေ အရမ်းပင်ပန်းတတ်ကြတာ မဆန်းပေမယ့် အခုကိစ္စမျိုးက အကြီးအကျယ် ဒုက္ခ များသွားနိုင်တယ်လို့ သူက ဆိုပါတယ်။ အခုလေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှယောက် လိုက်ပါခဲ့သလဲ အတိအကျ မသိရပေမယ့် လူပေါင်း ၁၅၀ ကျော် ဝင်ဆံ့တဲ့ Boeing 737 အမျိုးအစားလို့ သတင်းတွေက ဖော်ပြပါတယ်။

မေလတုန်းကလည်း အီတလီ အစိုးရပိုင် ITA လေကြောင်းလိုင်းမှာ လေယာဉ်မှူး တစ်ဦးဟာ အန္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းရတဲ့ နယူးယောက်-ရောမ ခရီးစဉ်မှာ အိပ်ပျော်သွားလို့ အလုပ်ထုတ် ခံခဲ့ရဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီသီယိုးပီးယားရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစု ၇ ခုဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

သတင်း

ဆော်ဒီအာရေးဘီးယား နိုင်ငံက လေဆိပ်တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် အခြေစိုက် ဟိုသီ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ အင်ချွန်း နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသည် အဝင်အထွက် အများဆုံး၊ အလုပ်အများဆုံး လေဆိပ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်ခဲ့ပါတယ်။

Facebook