Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်မယ့် အခြေအနေအတွက် ဂျပန် ကြိုတင်ပြင်ဆင်နေ

နန်မက်ဒိုလ် တိုက်ခတ်ချိန်မှာ ကျူရှူးက ကြံ့ခိုင်မှု မကောင်းတဲ့ အိမ်တွေ ပြိုကျနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားပြီး မုန်တိုင်း ဖြတ်သန်းနေချိန်တွေအတွင်း ထုထည်ကြီးမား ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ သွားရောက် ခိုလှုံကြဖို့လည်း အကြံပြုထားပါတယ်။

အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်မယ့် အခြေအနေအတွက် ဂျပန် ကြိုတင်ပြင်ဆင်နေ
အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်မယ့် အခြေအနေအတွက် ဂျပန် ကြိုတင်ပြင်ဆင်နေ

ဂျပန်နိုင်ငံဟာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက် တိုက်ခတ်မယ့် အခြေအနေအတွက် ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်နေပါတယ်။

တိုင်ဖွန်းမုန်တိုင်း နန်မက်ဒိုလ်ဟာ ကျူရှူးကျွန်းကို ကုန်းတွင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်း အရှိန်ကြောင့် တစ်နာရီ ၂၅၀ ကီလိုမီတာနှုန်းထိ ပြင်းထန်တဲ့ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၅၀၀ မီလီမီတာလောက်ထိ ရွာသွန်းတာမျိုး ကြုံလာနိုင်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက သတိပေး ထားပါတယ်။

ကျူရှူးကျွန်း တဝိုက်မှာ ရာသီဥတု အခြေအနေ အရေးပေါ် ကြေညာထားပြီး မြေပြိုမှုတွေ၊ ရေကြီးမှုတွေ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံစားရနိုင်တဲ့ မြေနိမ့်ပိုင်း ဧရိယာ တချို့မှာတော့ ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

မုန်တိုင်းကြောင့် ကမ်းခြေ ဧရိယာတွေမှာ လှိုင်းလုံးတွေ အပြင်းအထန် ရိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်ကို လှေတွေ မထွက်ကြဖို့လည်း မိုးလေဝသ အေဂျင်စီက ဆော်ဩထားပါတယ်။ ကျူရှူးဟာ ဂျပန်ရဲ့ တောင်ဖက်စွန်းမှာ တည်ရှိတဲ့ ကျွန်းကြီးဖြစ်ပြီး လူဦးရေ ၁၃ သန်းလောက် နေထိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဟာ ကျူရှူးကျွန်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ပြီးတဲ့အခါ အရှေ့မြောက်ဖက်ကို ဦးလှည့်သွားပြီး ဂျပန်နိုင်ငံ အလယ်ပိုင်းဆီ ဆက်လက် ရွေ့လျားပြီး တိုကျိုမြို့တော်ထိ ဦးတည်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ကုန်းတွင်း ဝင်ရောက်သွားပြီးတဲ့ အထိတောင်မှ မုန်တိုင်းရဲ့ အင်အားက ချက်ချင်း ယုတ်လျော့သွားမယ့် အလားအလာ မရှိဘူးလို့ ဆိုပါတယ်။

နန်မက်ဒိုလ်ဟာ ၂၀၁၈ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းဂျီဘီနဲ့ ၂၀၁၉ မှာ ကြုံခဲ့တဲ့ တိုင်ဖွန်း ဟာဂီဘီစ်တို့နောက်ပိုင်း ဂျပန်ပိုင်နက်ထဲ ရောက်ရှိလာမယ့် အဆိုးဆုံး မုန်တိုင်း ဖြစ်လာဖွယ် ရှိနေပါတယ်။ ဂျီဘီကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဟာဂီဘီစ်ရဲ့ ဖျက်ဆီးမှုကြောင့် ဂျပန်နိုင်ငံ တဝန်းမှာ ဓာတ်အား ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ဖူးပါတယ်။

နန်မက်ဒိုလ် တိုက်ခတ်ချိန်မှာ ကျူရှူးက ကြံ့ခိုင်မှု မကောင်းတဲ့ အိမ်တွေ ပြိုကျနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားပြီး မုန်တိုင်း ဖြတ်သန်းနေချိန်တွေအတွင်း ထုထည်ကြီးမား ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ သွားရောက် ခိုလှုံကြဖို့လည်း အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။