Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ် ပဋိပက္ခကြောင့် သေဆုံးသူ ၉၀ ကျော်ထိ များပြားလာ

မနက်အစောပိုင်း အခြေအနေတွေအရ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သက်နေပေမယ့် ရာနှုန်းပြည့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။

ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ် ပဋိပက္ခကြောင့် သေဆုံးသူ ၉၀ ကျော်ထိ များပြားလာ
ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ် ပဋိပက္ခကြောင့် သေဆုံးသူ ၉၀ ကျော်ထိ များပြားလာ

နယ်စပ် အငြင်းပွားမှုကြောင့် စတင်ခဲ့တဲ့ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန် နှစ်နိုင်ငံကြား တိုက်ပွဲတွေကြောင့် သေဆုံးသူ ဦးရေဟာ ၉၀ ကျော်ထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်နိုင်ငံ နယ်ခြားစောင့် တပ်တွေအချင်းချင်း အပြန်အလှန် ပစ်ခတ်ရာက နေရာတချို့မှာ ပြင်းထန်တဲ့ ထိတွေ့ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ အာရှ အလယ်ပိုင်းမှာ တည်ရှိတဲ့ ကုန်းပိတ် နိုင်ငံငယ် နှစ်ခုဟာ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်လာချိန်နောက်ပိုင်း မကြာခဏ ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးပေမယ့် အခု နယ်စပ် ပြဿနာကတော့ နှစ်အတော်ကြာ ကာလအတွင်း အဆိုးရွားဆုံး သွေးထွက်သံယိုမှုတွေကို ဖြစ်လာစေပါတယ်။

ကာဂျစ္စတန်က နယ်စပ်ပဋိပက္ခကြောင့် သေဆုံးသူ ၅၉ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး တာဂျစ်ကစ္စတန်ကလည်း ဘတ်ကန်းဒေသက မတည်ငြိမ်မှုတွေအတွင်း လူပေါင်း ၃၅ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ရက်ပိုင်းအတွင်းမှာတင် နှစ်ဖက် အသေအပျောက်က ၉၄ ဦးထိ မြင့်တက်လာတဲ့ သဘောပါပဲ။

နယ်စပ်မှာ တပ်စွဲထားတဲ့ နှစ်ဖက် စစ်တပ်တွေက တိုက်ပွဲ စတင်တာနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြပါတယ်။ ကာဂျစ္စတန် အစိုးရက စစ်ပွဲအတွင်း ထိခိုက် သေဆုံးခဲ့သူတွေအတွက် ရည်စူးပြီး စက်တင်ဘာ ၁၉ ရက်ကို တစ်နိုင်ငံလုံးအတွက် ဝမ်းနည်းကြေကွဲမှု ကာလအဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မနက်အစောပိုင်း အခြေအနေတွေအရ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သက်နေပေမယ့် ရာနှုန်းပြည့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကာဂျစ္စတန်ရော၊ တာဂျစ်ကစ္စတန် အစိုးရတွေပါ တင်းမာမှုတွေကို ပိုဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တောင်းဆိုထားပါတယ်။ နှစ်ဖက် အစိုးရတွေကြား ပြီးခဲ့တဲ့ သီတင်းပတ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပေမယ့် နာရီပိုင်း အကြာမှာပဲ နယ်စပ် တိုက်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလကလည်း အဲဒီနှစ်နိုင်ငံဟာ နယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပြီး လူပေါင်း ၅၀ လောက် သေဆုံးခဲ့ပါတယ်။ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့ကြား ဒီလို သွေးထွက်သံယို ထိတွေ့မှုတွေ မကြာမကြာ ကြုံရတတ်ပြီး ခဏလောက်နဲ့ အရှိန်ပြန်ကျသွားလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။