Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆယ်ယူလာတဲ့ Titan ရေငုပ်သင်္ဘောပျက် အစိတ်အပိုင်းတွေမှာ လူ့ရုပ်ကြွင်းတွေ ရောနှောပါဝင်လာတယ်လို့ ယုံကြည်ရ

အစောပိုင်း ကြေညာချက်တွေအရ ဆယ်ယူလာတဲ့ အပျက်အစီး အပိုင်းအစတွေထဲမှာ Titanရဲ့ နောက်ပိုင်း ကိုယ်ထည်နဲ့ အောက်ဖက်က ထောက်တိုင် သတ္တုတန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဆယ်ယူလာတဲ့ Titan ရေငုပ်သင်္ဘောပျက် အစိတ်အပိုင်းတွေမှာ လူ့ရုပ်ကြွင်းတွေ ရောနှောပါဝင်လာတယ်လို့ ယုံကြည်ရ
ဆယ်ယူလာတဲ့ Titan ရေငုပ်သင်္ဘောပျက် အစိတ်အပိုင်းတွေမှာ လူ့ရုပ်ကြွင်းတွေ ရောနှောပါဝင်လာတယ်လို့ ယုံကြည်ရ

ပင်လယ် ကြမ်းပြင်အောက်ကနေ ပြန်လည် ဆယ်ယူလာတဲ့ Titan ရေငုပ်သင်္ဘော အပျက်အစီး အစိတ်အပိုင်းတွေထဲမှာ လူသားရုပ်ကြွင်း အစအနတွေ ရောနှော ပါဝင်နေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်က ပြောပါတယ်။

Titan ရေငုပ်သင်္ဘောငယ်လေးဟာ လလယ်လောက်တုန်းက ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်နေတဲ့ နေရာကို ငုပ်လျှိုးကြည့်ရှုရင်း ရေဖိအားဒဏ်ကြောင့် ပေါက်ကွဲ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ မြောက်အတ္တ္တလန္တိတ် သမုဒ္ဒရာထဲက ဖြစ်ရပ်ဆိုးမှာ Titanနဲ့အတူ လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါ ကမ်းခြေစောင့်တပ်တွေ ဦးဆောင်တဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ၅ ရက်ကြာ လုပ်ဆောင်ခဲ့တဲ့နောက် ရေအနက် ပေပေါင်း ၁၂၅၀၀ လောက်မှာ ရေငုပ်သင်္ဘောရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့ပြီး ရေအောက် ဒရုန်းတွေ အကူအညီနဲ့ ဆယ်ယူလာခဲ့တာပါ။

အစောပိုင်း ကြေညာချက်တွေအရ ဆယ်ယူလာတဲ့ အပျက်အစီး အပိုင်းအစတွေထဲမှာ Titanရဲ့ နောက်ပိုင်း ကိုယ်ထည်နဲ့ အောက်ဖက်က ထောက်တိုင် သတ္တုတန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အပိုင်းအစတွေနဲ့အတူ လူသားရုပ်ကြွင်း အစအနတွေလို့ ယူဆရတာတွေကိုပါ တွေ့ရတဲ့အတွက် အခုအခါ အမေရိကန် ဆေးဖက်ဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ကမ်းခြေစောင့် တပ်က ဆိုပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်ဟာ Titan ရေငုပ်သင်္ဘော ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အဓိက တာဝန်ယူ ဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ကမ်းခြေစောင့်တပ်ရဲ့ ရေကြောင်း စုံစမ်းစစ်ဆေးရေး ဘုတ်အဖွဲ့ (MBI)ဟာ ပိုမို တိကျတဲ့ ဆန်းစစ်မှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ဆယ်ယူရရှိထားတဲ့ အထောက်အထားတွေကို အမေရိကန် ဆိပ်ကမ်း တစ်ခုဆီကို လွှဲပြောင်း ပို့ဆောင်ဖို့လည်း စီစဉ်နေပါတယ်။

မူလတုန်းက ရှာဖွေရေး အဖွဲ့တွေဟာ ရေဖိအား မတန်တဆ ပြင်းထန်လွန်းတဲ့ နေရာမှာ ပျက်စီး နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆထားပါတယ်။ ပင်လယ်ကြမ်းပြင် တဝိုက်က အခြေအနေတွေဟာ ကြောက်ခမန်းလိလိ ပြင်းထန်လွန်းတယ်လို့ ကမ်းခြေစောင့်တပ်ရဲ့ နောက်တန်း သေနာပတိ ဂျွန် မော်ဂါက သတင်းထောက်တွေဆီ မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နည်းပညာ တိုးတက်ရေးအတွက် ရုရှားဆီကနေ မြောက်ကိုရီးယားက အကူအညီတွေ ရရှိနေတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။