Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂ ပိတ်ပင်ထားတဲ့ ဒုံးကျည်တွေကို ကင်ဂျုံအန်းက ရုရှား ကာကွယ်ရေး ဝန်ကြီးဆီ မိတ်ဆက်ပြသ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရွှိုင်ဂူကို ကာကွယ်ရေး နည်းပညာ ပြပွဲတခုဆီ ဖိတ်ကြားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပြသခဲ့သလို အဲဒီ လက်နက်တွေရဲ့ စွမ်းဆောင်ရည်တွေကိုပါ ရှင်းပြခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြပါတယ်။

ကုလသမဂ္ဂ ပိတ်ပင်ထားတဲ့ ဒုံးကျည်တွေကို ကင်ဂျုံအန်းက ရုရှား ကာကွယ်ရေး ဝန်ကြီးဆီ မိတ်ဆက်ပြသ
ကုလသမဂ္ဂ ပိတ်ပင်ထားတဲ့ ဒုံးကျည်တွေကို ကင်ဂျုံအန်းက ရုရှား ကာကွယ်ရေး ဝန်ကြီးဆီ မိတ်ဆက်ပြသ

ကုလသမဂ္ဂက တားဆီး ပိတ်ပင်ထားလျက်နဲ့ ပြည်တွင်းမှာ တပ်ဆင် တည်ဆောက်ခဲ့တဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယား ခေါင်းဆောင်က ဧည့်သည်တော် ရုရှား ကာကွယ်ရေး ဝန်ကြီးရှေ့မှောက်မှာ ဂုဏ်ယူစွာနဲ့ ပြသခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူ ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ် အဖွဲ့နဲ့ တရုတ်အစိုးရက စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးမှု နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနား တက်ရောက်ဖို့အတွက် ပြုံယမ်းကို ရောက်ရှိနေပါတယ်။ မြောက်ကိုရီးယားမှာတော့ ဇူလိုင် ၂၇ ရက်ကို အောင်ပွဲနေ့လို့ သတ်မှတ်ပြီး တခမ်းတနား ဆင်ယင်ကျင်းပလေ့ ရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရွှိုင်ဂူကို ကာကွယ်ရေး နည်းပညာ ပြပွဲတခုဆီ ဖိတ်ကြားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပြသခဲ့သလို အဲဒီ လက်နက်တွေရဲ့ စွမ်းဆောင်ရည်တွေကိုပါ ရှင်းပြခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြပါတယ်။

တကယ်တော့ မြောက်ကိုရီးယားမှာ အဲဒီဒုံးကျည်တွေ ထုတ်လုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေကို တားမြစ် ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်တို့ကလည်း ထောက်ခံထားခဲ့ပါတယ်။ ဒီတော့ ရွှိုင်ဂူက အဲဒီဒုံးကျည်တွေ မိတ်ဆက် ပြသမှုကို အသိအမှတ်ပြုတဲ့ သဘောမျိုး သွားရောက် ကြည့်ရှုခြင်းဟာ ရုရှားအစိုးရက အပြောနဲ့ အလုပ် မညီသလို ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ် ကပ်ရောဂါ ကာလအပြီး အလွန်အကျွံ ပိတ်ဆို့ထားမှုတွေကို ဖြေလျှော့လိုက်တဲ့ မြောက်ကိုရီးယား အတွက်တော့ တရုတ်နဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့တွေ ရောက်ရှိလာခြင်းဟာ သံတမန်ရေးအရာ အရေးပါတဲ့ ပြန်လည် တံခါးဖွင့်မှု တစ်ခုလို့ ယူဆနိုင်ပါတယ်။

ပြုံယမ်း ခရီးစဉ် အတောအတွင်း ရွှိုင်ဂူဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် ရေးသားပေးလိုက်တဲ့ စာတစ်စောင်ကို ကင်ဆီ ပေးအပ်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြထားပါတယ်။ ရွှိုင်ဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နှစ်နိုင်ငံကြား ပုံမှန်နဲ့ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို နက်ရှိုင်းစေမယ့် သဘော အဓိပ္ပါယ်မျိုး ဆောင်စေလိမ့်မယ်လို့ ပူတင်က စာထဲမှာ ရေးသားထားကြောင်း သိရပါတယ်။

ယူကရိန်း စစ်ပွဲကို နာမည်တပ် ကြေညာတာမျိုး မဟုတ်ပေမယ့် ရုရှားက အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လောလောဆယ် ဆင်နွှဲနေတဲ့ တရားမျှတတဲ့ စစ်ပွဲကို ခြွင်းချက်မရှိ ထောက်ခံကြောင်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကန်ဆွန်နမ်ကလည်း ရွှိုင်ဂူကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်က နျူကလီးယား လက်နက်ပိုင် နိုင်ငံတခုအဖြစ် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်မှုကိုလည်း အစဉ်တစိုက် အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။