Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံ လေပိုင်နက်ကို ပိတ်လိုက်တဲ့ အာဏာသိမ်း နိုက်ဂျားစစ်တပ်

နိုင်ငံတကာ လေကြောင်း ပျံသန်းမှုတွေကို စောင့်ကြည့်နေတဲ့ Flightradar24 ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဩဂုတ် ၆ ရက် ညပိုင်းကစလို့ နိုက်ဂျား ကောင်းကင်ယံမှာ ဘယ်လေယာဉ်မှ ပျံသန်းနေတာ မရှိတော့ဘူးလို့ သိရပါတယ်။

နိုင်ငံ လေပိုင်နက်ကို ပိတ်လိုက်တဲ့ အာဏာသိမ်း နိုက်ဂျားစစ်တပ်
နိုင်ငံ လေပိုင်နက်ကို ပိတ်လိုက်တဲ့ အာဏာသိမ်း နိုက်ဂျားစစ်တပ်

အရပ်သား အစိုးရဆီ အာဏာပြန်အပ်ဖို့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေက ခွင့်ပြုပေးထားတဲ့ နောက်ဆုံး သတ်မှတ်ကာလ ကုန်ဆုံးသွားတဲ့နောက် နိုက်ဂျား အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ လေကြောင်း ပျံသန်းမှုတွေကို စောင့်ကြည့်နေတဲ့ Flightradar24 ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဩဂုတ် ၆ ရက် ညပိုင်းကစလို့ နိုက်ဂျား ကောင်းကင်ယံမှာ ဘယ်လေယာဉ်မှ ပျံသန်းနေတာ မရှိတော့ဘူးလို့ သိရပါတယ်။

နိုက်ဂျားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က တကယ်လို့ ဖြုတ်ချခံ သမ္မတ မိုဟာမက် ဘာဇွမ်ကို နိုက်ဂျား စစ်တပ်က တစ်ပတ်အတွင်း အာဏာ ပြန်မအပ်ဘူးဆိုရင် စစ်ရေးအရ အရေးယူဖို့ စဉ်းစားရလိမ့်မယ်လို့ သတိပေးထားပါတယ်။ အဲဒီ တစ်ပတ်တာ သတ်မှတ်ကာလဟာ ဩဂုတ် ၆ ရက် ညသန်းခေါင်မှာ ကုန်ဆုံးသွားပါပြီ။

အာဏာသိမ်း နိုက်ဂျားစစ်တပ်က ပြည်ပအင်အားစုတွေ အနေနဲ့ နိုက်ဂျားရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ကြဖို့ တင်းတင်းမာမာ တုံ့ပြန် သတိပေးထားသလို ရာဇသံ သတ်မှတ်ကာလ ကုန်ဆုံးချိန်မှာ လေပိုင်နက်ကို ပိတ်ချလိုက်ခြင်းက Ecowasရဲ့ ဖိအားပေးမှုကို အတိအလင်း စိန်ခေါ်လိုက်တဲ့ အဓိပ္ပါယ်လို့လည်း ယူဆနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက နိုက်ဂျားစစ်တပ်ဟာ နိုင်ငံကို ကာကွယ်ဖို့ အသင့် ဖြစ်နေပြီလို့လည်း ပြောပါတယ်။ သမ္မတ ဘာဇွမ်ဟာ ဇူလိုင် ၂၆ ရက်တုန်းက ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာမာနီ ချီအာနီ ဦးဆောင်တဲ့ နိုက်ဂျား သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ချီအာနီက သူ့ကိုယ်သူ စစ်အစိုးရ ခေါင်းဆောင်အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။

နိုက်ဂျားမှာ အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက် Ecowas နိုင်ငံတွေရဲ့ စစ်ဦးစီး အရာရှိတွေဟာ နိုက်ဂျီးရီးယား နိုင်ငံမှာ အရေးပေါ် စည်းဝေး တွေ့ဆုံခဲ့ပြီး လိုအပ်လာရင် စစ်အင်အားသုံး ဖြေရှင်းမယ့် အစီအမံတွေကို ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

Ecowasဆီက ဖိအားပေးမှုတွေ ရှိနေတဲ့တိုင် နိုက်ဂျား စစ်တပ်ဟာ အဓမ္မ သိမ်းယူထားတဲ့ အာဏာကို အသာတကြည် လက်လွှတ်မယ့် အရိပ်အယောင်မျိုး မရှိပါဘူး။ နိုက်ဂျားဟာ နျူကလီးယား စွမ်းအင် နည်းပညာအတွက် အဓိက အကျဆုံး ကုန်ကြမ်းဖြစ်တဲ့ ယူရေနီယမ် သတ္တုရိုင်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုလည်း ရှိနေပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ရုရှားနဲ့ ပိုမို နီးစပ်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့်လည်း အာဏာသိမ်းမှုကို အကြောင်းပြုပြီး ဒေသတွင်းမှာ စူပါပါဝါတွေကြား သွယ်ဝိုက် အားပြိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကလည်း ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့များကို ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ပြည်ပ အကြွေး ကျပ်ဘီလီယံပေါင်း နှစ်​သောင်း​ကျော်အထိ တိုးလာသည်။

နိုင်ငံတကာ

ရုရှား စစ်လေယာဉ် တစ်စီးက ဂျပန် လေပိုင်နက်ထဲ သုံးကြိမ်တိုင် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲပြီး အတိအလင်း ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ပဋိပက္ခ နယ်မြေတွေမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ကွန်ရက်တွေနဲ့ ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်တာ၊ နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးတာတွေကို ပိုမို အာရုံစိုက်သင့်လာပြီဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်ကိုထိုင်စောင့်နေတာမျိုးနဲ့ အချိန်မဖြုန်းသင့်တော့ပါဘူး။