Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာမိတ် နိုင်ငံတွေအတွက် ထောက်ပံ့ရေး အသုံးစရိတ်ကိစ္စ အမေရိကန် အထက်လွှတ်တော်မှာ သဘောတူညီမှုရ

ယူကရိန်း အစိုးရကတော့ အမေရိကန်ဆီက ခိုင်မာအားကောင်းတဲ့ အထောက်အပံ့တွေ ဆက်ပြီး မရရှိနိုင်ဘူးဆိုရင် ကျူးကျော်သူ ရုရှားကို ရင်ဆိုင် ခုခံရတဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

မဟာမိတ် နိုင်ငံတွေအတွက် ထောက်ပံ့ရေး အသုံးစရိတ်ကိစ္စ အမေရိကန် အထက်လွှတ်တော်မှာ သဘောတူညီမှုရ
မဟာမိတ် နိုင်ငံတွေအတွက် ထောက်ပံ့ရေး အသုံးစရိတ်ကိစ္စ အမေရိကန် အထက်လွှတ်တော်မှာ သဘောတူညီမှုရ

လတွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ဆွေးနွေးငြင်းခုံမှုတွေ အပြီးမှာတော့ အမေရိကန် အထက်လွှတ်တော်ဟာ မဟာမိတ် နိုင်ငံတွေအတွက် ထောက်ပံ့ရေး အသုံးစရိတ် သတ်မှတ်ချက်ကို သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်တွေကြား သဘောတူညီမှုအရ မဟာမိတ် ၃ နိုင်ငံဖြစ်တဲ့ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် ထောက်ပံ့မယ့် ဒေါ်လာ ၉၅ ဘီလီယံ အသုံးစရိတ်ကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အဲဒီ အသုံးစရိတ် သတ်မှတ်ချက်ကို အတည်ပြုနိုင်အောင် အစဉ်တစိုက် ဖိအားပေးခဲ့ပေမယ့် အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီက အစိုးရရဲ့ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို မပြင်ဆင်ပေးရင် အဲဒီ အဆိုပြုချက်ကို လက်မခံဘူးလို့ တင်းခံနေခဲ့တာကြောင့် လတွေနဲ့ချီ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ထဲက နိုင်ငံရေးအရ အားပြိုင်မှုတွေရဲ့ အကျိုးဆက်အဖြစ် အမေရိကန်ဟာ ယူကရိန်းအတွက် စစ်လက်နက်နဲ့ စစ်အသုံးစရိတ် ထောက်ပံ့နိုင်စွမ်း သိသိသာသာ လျော့ကျသွားခဲ့ပြီး ယူကရိန်း တပ်တွေဟာ ရှေ့တန်း စစ်မြေပြင်မှာ လက်နက်ကြီး ကျည်ဆန်တွေကို အကန့်အသတ်နဲ့သာ ပစ်ခတ်ရတဲ့ အခြေအနေထိ ကြုံလာရပါတယ်။

Public Service Announcement

Public Service Announcement

အထက်လွှတ်တော်မှာ သဘောတူညီမှု ရရှိသွားခဲ့တဲ့ အဆိုပြုချက်ဟာ အောက်လွှတ်တော်မှာလည်း အဆုံးအဖြတ် ခံယူရဦးမှာ ဖြစ်ပေမယ့် ကြုံလာမယ့် အလားအလာကိုတော့ မသိရသေးပါဘူး။ အဲဒီ အဆိုပြုချက်ထဲမှာ ယူကရိန်းကို ဒေါ်လာ ၆၀ ဘီလီယံ၊ အစ္စရေးအတွက် ဒေါ်လာ ၁၄ ဘီလီယံနဲ့ ဂါဇာက လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေအတွက် ဒေါ်လာ ၁၀ ဘီလီယံ ခွဲဝေ သတ်မှတ်ထားပါတယ်။

ရီပတ်ဘလစ်ကန် အမတ် ၂၂ ဦးက အခုတစ်ကြိမ်မှာ ဒီမိုကရက်တွေနဲ့အတူ ထောက်ခံမဲ ပေးခဲ့တာကြောင့် တင်သွင်းတဲ့ အဆိုဟာ ၇၀ မဲ၊ ၂၉ မဲနဲ့ အသာစီး ရခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ အမေရိကန်ဆီက ခိုင်မာအားကောင်းတဲ့ အထောက်အပံ့တွေ ဆက်ပြီး မရရှိနိုင်ဘူးဆိုရင် ကျူးကျော်သူ ရုရှားကို ရင်ဆိုင် ခုခံရတဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။