Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ဧရာမ ကြော်ငြာဘုတ်ပြားကြီး ပြိုလဲပြီး ပိမိလို့ လူ ၈ ဦးထက်မနည်း သေဆုံး

ဝန်ကြီးချုပ်က ပြည်နယ် အစိုးရဟာ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ရူပီး ၅ သိန်းစီ (၅၀၀၀ ဝန်းကျင်) ပေးချေသွားမယ်လို့ ပြောပါတယ်။

အိန္ဒိယမှာ ဧရာမ ကြော်ငြာဘုတ်ပြားကြီး ပြိုလဲပြီး ပိမိလို့ လူ ၈ ဦးထက်မနည်း သေဆုံး
အိန္ဒိယမှာ ဧရာမ ကြော်ငြာဘုတ်ပြားကြီး ပြိုလဲပြီး ပိမိလို့ လူ ၈ ဦးထက်မနည်း သေဆုံး

အိန္ဒိယ နိုင်ငံမှာ ရုတ်တရက် လေပြင်းတိုက်ခတ်မှုတွေကြောင့် ဧရာမ ကြော်ငြာဘုတ်ပြားကြီး ပြိုလဲရာက လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အလျားနဲ့ အနံ မီတာ ၇၀x မီတာ ၅၀ ထိ ကြီးမားကျယ်ပြန့်တဲ့ ကြော်ငြာဘုတ်ပြားကြီး လူနေအိမ်တွေနဲ့ ဓာတ်ဆီဆိုင် တစ်ခုပေါ်ကို လဲပြို ပိမိခဲ့ပြီး နောက်ထပ် လူ ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မေလ ၁၃ ရက်နေ့ မွမ်ဘိုင်းမှာရှိတဲ့ လူစည်ကား ရှုပ်ထွေးရာ မြို့လယ် ရပ်ကွက်တစ်ခုမှာ အခု မတော်တဆမှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေက ကြော်ငြာဘုတ်ပြားကြီး ပိမိနေတဲ့ အောက်မှာ နောက်ထပ် လူ ၂၀ နဲ့ ၃၀ ကြားလောက် ပိတ်မိနေနိုင်ဆဲလို့ ပြောပါတယ်။

မှတ်တမ်း ဗီဒီယိုတွေအရ မိုးသက်လေပြင်းတွေ ကျရောက်နေချိန် အဲဒီ ကြော်ငြာဘုတ်ပြားကြီးဟာ အောက်ခြေကနေ နောက်ဖက်ကို ယိုင်ဆင်းပြီး ပြိုလဲသွားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကြော်ငြာဘုတ်ပြားကြီး ပြိုဆင်းလာချိန် ဓာတ်ဆီဆိုင်ထဲမှာ ရှိနေတဲ့ ကားတချို့လည်း ပိမိခဲ့တာကို တွေ့ရပါတယ်။ အခင်းဖြစ်ချိန်က အဲဒီနေရာ တဝိုက်မှာ လေတိုက်ခတ်နှုန်း အရမ်းကြမ်းပြီး တချို့ သစ်ပင်တွေပါ ပြိုလဲကုန်တယ်လို့ ဆိုပါတယ်။

အခုမတော်တဆမှုကြောင့် အနီးတဝိုက်မှာ ဓာတ်အားတွေ ပြတ်တောက်ကုန်သလို ယာဉ်ကြောတွေ ပိတ်ဆို့ကုန်ပါတယ်။ မွမ်ဘိုင်း ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မဟာရက်ရှ်ထရာ ပြည်နယ် ဝန်ကြီးချုပ် ဗီဒန်ဒရာ ဖက်ဒ်နာဗစ်ကလည်း အာဏာပိုင်တွေ အနေနဲ့ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမှုတွေ လုပ်ဆောင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

ဝန်ကြီးချုပ်က ပြည်နယ် အစိုးရဟာ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ရူပီး ၅ သိန်းစီ (၅၀၀၀ ဝန်းကျင်) ပေးချေသွားမယ်လို့ ပြောပါတယ်။

မေလ ၁၃ ရက်နေ့က မွမ်ဘိုင်းမှာ ရာသီဥတု အခြေအနေတွေ ဆိုးရွားပြီး လေပြင်းတွေ တိုက်ခတ်မှုကြောင့် မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို လုပ်ငန်း လည်ပတ်မှု ယာယီ ဆိုင်းငံ့စေခဲ့ရပြီး ခရီးသည်တင် လေယာဉ် ၁၅ စီးထက်မနည်းကို တခြားမြို့တွေဆီ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။