Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယမြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် အခြေအနေ ကောင်းနေတဲ့ မိုဒီ

၂၀၁၄ ခုနှစ် ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ မိုဒီဟာ ပြည်တွင်းမှာ လူကြိုက်များဆဲ ဆိုပေမယ့် အခုနှစ် ရွေးကောက်ပွဲမှာတော့ အဓိကပြိုင်ဘက် ရာဟူလ်ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံတွေ စုစည်းပြီး သူ့ကို အပြင်းအထန် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။

တတိယမြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် အခြေအနေ ကောင်းနေတဲ့ မိုဒီ
တတိယမြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် အခြေအနေ ကောင်းနေတဲ့ မိုဒီ

တစ်လခွဲလောက် ရှည်ရှည်လျားလျား အချိန်ယူ ကျင်းပခဲ့တဲ့ အိန္ဒိယ ရွေးကောက်ပွဲတွေရဲ့ အကြိုရလဒ်အရ လက်ရှိ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ သူ့ရဲ့ ရာထူးသက်တမ်းကို တတိယ အကြိမ်မြောက် ထမ်းဆောင်နိုငဖို့ အတော်လေး သေချာနေပြီ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးရဲ့ ရွေးကောက်ပွဲကို အဆင့်တွေခွဲပြီး ဧပြီ ၁၉ ရက်နေ့ကနေ ဇွန်လ ၁ ရက်ထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို မထုတ်ပြန်သေးပေမယ့် ကနဦး မဲရလဒ်တွေအပေါ် အခြေခံပြီး သတင်းဌာန တော်တော်များများက မိုဒီရဲ့ ဘာရတ်တီယာ ဂျန်နက်တာပါတီ (PJP)က အနိုင်ရဖို့ သေချာနေကြောင်း ဖော်ပြလာပါတယ်။ အရင် ရွေးကောက်ပွဲတွေတုန်းက အဲဒီလို ကြိုတင် အချက်အလက် ကောက်ယူပြီး ခန့်မှန်းတဲ့ ကိစ္စတွေဟာ လက်တွေ့ ရလဒ်နဲ့ လွဲချော်တာမျိုး ဖြစ်လေ့မရှိပါဘူး။

ဒါပေမဲ့ အဆင့် ၇ ခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီနဲ့ ဒေသအလိုက် အခြေပြု ပါတီတွေက BJPကို အပြင်းအထန် စိန်ခေါ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ရွေးကောက်ပွဲရဲ့ တရားဝင် မဲရလဒ်တွေကိုတော့ ဇွန်လ ၄ ရက်နေ့မှာ ကြေညာမယ်လို့ ယုံကြည်ရပါတယ်။

အိန္ဒိယမှာ ပါတီတစ်ခု၊ ဒါမှမဟုတ် ညွန့်ပေါင်း နိုင်ငံရေး အင်အားစု တစ်ခုဟာ အစိုးရ ဖွဲ့စည်းနိုင်ဖို့ အမတ်နေရာ ၂၇၂ ခု ရရှိဖို့ လိုပါတယ်။ BJP ဦးဆောင်ပြီး လက်ယာယိမ်း အမျိုးသားရေး ဝါဒစွဲ ပါတီတွေ စုစည်းထားရာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (NDA) အင်အားစုဟာ အဲဒီ လွှတ်တော်အမတ် ဦးရေကို ပိုင်ဆိုင်လောက်တဲ့ထိ အနိုင်ရခဲ့ပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ မီဒီယာတွေက သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

မိုဒီက မဲရလဒ်တွေ မကြေညာခင် ကတည်းက သူ့အနေနဲ့ သေချာပေါက် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ NDAရဲ့ ဦးဆောင်မှုကို တကျော့ပြန် ရွေးချယ်ဖို့အတွက် ပြည်သူတွေဟာ စံချိန်တင် အရေအတွက်ထိ စုပေါင်း မဲပေးခဲ့ကြတယ်လို့ သူနားလည်ထားကြောင်း မိုဒီက ဆိုပါတယ်။

၂၀၁၄ ခုနှစ် ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ မိုဒီဟာ ပြည်တွင်းမှာ လူကြိုက်များဆဲ ဆိုပေမယ့် အခုနှစ် ရွေးကောက်ပွဲမှာတော့ အဓိကပြိုင်ဘက် ရာဟူလ်ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံတွေ စုစည်းပြီး သူ့ကို အပြင်းအထန် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။

အိန္ဒိယဟာ လူဦးရေ ၁.၄ ဘီလီယံ နေထိုင်တဲ့ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်တာနဲ့အညီ ရွေးကောက်ပွဲ ကျင်းပရတဲ့ အခြေအနေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီးကို ဖြတ်သန်းရပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာ အိန္ဒိယ နိုင်ငံသား ၉၆၉ သန်းထိ မဲပေးပိုင်ခွင့် ရှိနေပြီး ဒါဟာ အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဗြိတိန်၊ ဘရာဇီး၊ ပြင်သစ်၊ ဘယ်ဂျီယမ် နိုင်ငံတွေ စုစုပေါင်းထားတဲ့ လူဦးရေနဲ့တောင် ညီမျှနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

Facebook