Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက နုတ်ထွက်ရနိုင်တယ်ဆိုတဲ့ သတင်းတွေကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

လေ့လာသူတွေကတော့ ဆရက်သာဟာ နာမည်ကျော် ဥပဒေရေးရာ ပညာရှင် ဝစ်ဆာနူ ခရီယာနမ်ကို သူ့ရဲ့ ဥပဒေ အဖွဲ့ထဲမှာ ခေါ်ယူ ခန့်အပ်နိုင်ခဲ့ခြင်းကြောင့် အမှုမှာ နိုင်ခြေ သိသိသာသာ မြင့်တက်လာတယ်လို့ သုံးသပ်ထားကြပါတယ်။

ရာထူးက နုတ်ထွက်ရနိုင်တယ်ဆိုတဲ့ သတင်းတွေကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို
ရာထူးက နုတ်ထွက်ရနိုင်တယ်ဆိုတဲ့ သတင်းတွေကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

ရာထူးကနေ နုတ်ထွက်ရနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ငြင်းဆိုသွားခဲ့ပါတယ်။

သူဟာ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနေရာမှာ အငြင်းပွားစရာ အရှုပ်အထွေးတွေ ရှိခဲ့ဖူးတဲ့ နိုင်ငံရေးသမား တစ်ဦးကို ခန့်အပ်ခဲ့မှုကြောင့် တရားရေးအရ ဖြေရှင်းနေရပါတယ်။ တကယ်လို့ ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးက ဒီကိစ္စမှာ ဆရက်သာကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ခြေထိ ရှိနေပါတယ်။

ဥပဒေရေးရာ ပြစ်ချက်ဟောင်းတွေ ရှိခဲ့ဖူးတဲ့ ပီချစ် ချွမ်ဘန်ဟာ ဝန်ကြီးချုပ်ကို အကာအကွယ် ပေးတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ဆရက်သာအပေါ် ဆက်ပြီး အမှုပတ်နေတာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်မလာသေးခင် အတောအတွင်း ဆရက်သာ ရာထူးက နုတ်ထွက်ရနိုင်ခြေနဲ့ အောက်လွှတ်တော် အစုအဖွဲ့ ဖျက်သိမ်းရနိုင်ခြေ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာကို ဆရက်သာက ငြင်းချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အဲဒီ ဖြစ်နိုင်ခြေ နှစ်ခုလုံးကို လုံးဝ တွေးမထားကြောင်း၊ လက်ရှိ အခြေအနေမှာ ဥပဒေကြောင်းအရ သတ်မှတ် လမ်းကြောင်းအတိုင်း ဆက်သွားနေပြီး သူကလည်း ရှောင်ပြေးသွားမှာ မဟုတ်ကြောင်း ဆရက်သာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရားသူကြီးတွေမှာ မေးစရာတွေ ရှိနိုင်ပြီး သူ့မှာက ဖြေရှင်းချက် ပေးဖို့နဲ့ စီရင်ချက်ကို လေးစားဖို့ တာဝန်ရှိကြောင်းလည်း ဆရက်သာက ပြောပါတယ်။ သူ့ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ဟာ နောက်ထပ် မျက်မြင်သက်သေ အသစ်တွေကိုလည်း ခုံရုံး ကြားနာမှုဆီ တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

လေ့လာသူတွေကတော့ ဆရက်သာဟာ နာမည်ကျော် ဥပဒေရေးရာ ပညာရှင် ဝစ်ဆာနူ ခရီယာနမ်ကို သူ့ရဲ့ ဥပဒေ အဖွဲ့ထဲမှာ ခေါ်ယူ ခန့်အပ်နိုင်ခဲ့ခြင်းကြောင့် အမှုမှာ နိုင်ခြေ သိသိသာသာ မြင့်တက်လာတယ်လို့ သုံးသပ်ထားကြပါတယ်။

ပြဿနာတွေ ရှုပ်ထွေးစေခဲ့သူ ပီချစ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာရဲ့ ရှေ့နေနဲ့ ဆရက်သာရဲ့ အကြံပေး တာဝန်တွေကို ထမ်းဆေင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက သက်ဆင်ရဲ့ အမှုတစ်ခုအတွက် ကိုယ်စားပြုပေးချိန်မှာ လာဘ်ပေးဖို့ ကြိုးစားကြောင်း စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ထောင်ဒဏ် ကျခံရဖူးတာကြောင့် အစိုးရ အဖွဲ့မှာ ပါဝင်ပိုင်ခွင့်အပေါ် မေးခွန်းထုတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ပီချစ်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ဦးဟာ တရားရုံး တာဝန်ရှိသူတွေဆီ ဘတ် ၂ သန်း လာဘ်ထိုးဖို့ ကြိုးစားတယ်ဆိုပြီး ထောင်ဒဏ် ၆ လ ချမှတ် ခံခဲ့ရတာပါ။

ထိုင်းအခြေခံ ဥပဒေ ခုံရုံးဟာ အတိုက်အခံ အင်အားစု ခေါင်းဆောင်ဖြစ်တဲ့ Move Forwardပါတီ (MFP)က တော်ဝင် မိသားစုကို ကာကွယ်ထားတဲ့ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်ကိုလည်း လာမယ့် သီတင်းပတ်မှာ ကြားနာသွားမှာပါ။ အဲဒီစွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားရင် MFPဟာ ပါတီဖျက်သိမ်း ခံရတဲ့ထိ ကြုံတွေ့သွားနိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။