Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨မြန်မာ့အရေး ကူညီဖြေရှင်းမှုမှာ အာဆီယံက ပိုမို အားစိုက်ဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အခုသီတင်းပတ်ထဲမှာ အာဆီယံ ထိပ်တန်း ညီလာခံတစ်ခု လာအိုမှာ ကျင်းပဖို့ ရှိနေပြီး အဲဒီမတိုင်ခင်မှာ ဖေထောင်ထန်က အာဆီယံရဲ့ ညီညွတ်တဲ့ စုစည်းမှုအားနဲ့ မြန်မာ့အရေးကို ကူညီ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန် ကတည်းက ရှုပ်ထွေးလှတဲ့ နိုင်ငံရေး ပြဿနာတွေထဲ ထိုးကျသွားခဲ့ပြီး နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အားလုံး ဆုတ်ယုတ် ပျက်စီးလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိအောင် ကူညီပေးနိုင်ဖို့အတွက် အာဆီယံဟာ အရေးကြီးတဲ့ ကဏ္ဍမျိုးကနေ ပါဝင်ဖို့ လိုတယ်”လို့ ဖေထောင်ထန်က အောက်တိုဘာ ၇ ရက်နေ့၊ ဘန်ကောက်မှာ ပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူက လာမယ့်နှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှား အစိုးရနဲ့လည်း ထဲထဲဝင်ဝင် ပူးပေါင်းပြီး မြန်မာ့ ပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ထိုင်းက ကြိုးစားသွားမယ်လို့ အတည်ပြုသွားပါတယ်။

ဖေထောင်ထန် မတိုင်ခင်က ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဆရက်သာ သာဗီဆင်က အာဏာသိမ်း မြန်မာ စစ်တပ်ဟာ အင်အားဆုတ်ယုတ် အားနည်းနေပြီ ဖြစ်တာကြောင့် ညှိနှိုင်းဆွေးနွေးမှု အလားအလာတွေ ပိုပြီး လမ်းပွင့်လာမယ်လို့ ဧပြီလတုန်းက မှတ်ချက် ပေးခဲ့ဖူးပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ကတည်းက ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြဲမြဲမြံမြံ လက်ကိုင်ပြုခဲ့ပေမယ့်လည်း အဲဒီ မူဝါဒတွေရဲ့ အကျိုးသက်ရောက်မှုဟာ အားနည်းလွန်းတယ်လို့ ကျယ်ကျယ်လောင်လောင် ဝေဖန် ခံနေရပါတယ်။

အာဆီယံ ထိပ်သီးညီလာခံတွေမှာ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်စေဖို့ တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ အာဆီယံ အစုအဖွဲ့ရဲ့ အင်အားကြီး အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့အတူ ဖိတ်ခေါ်ပြီး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။