Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဟာ အမေရိကန်ရဲ့ အဆိုးရွားဆုံး ရန်ဘက်လို့ ဟားရစ်ပြော

အီရန်ဟာ အမေရိကန်ရဲ့ အဆိုးရွားဆုံး ရန်ဘက်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ အဆိုးရွားဆုံး ရန်ဘက်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

အမေရိကန် မဟာမိတ် အစ္စရေးကို မကြာသေးခင်တုန်းက အီရန်က ဒုံးကျည်တွေနဲ့ အစုအပြုံလိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး CBSနဲ့ အင်တာဗျူးမှာ ဟားရစ်က အခုလို တင်းတင်းမာမာ မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဟားရစ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်သွားမှာပါ။

အီရန်ဟာ အမေရိကန်အတွက် အဆိုးရွားဆုံး ရန်ဘက်ဖြစ်တယ်ဆိုတဲ့ အချက်ကို အထူးတလည် ရှင်းပြနေစရာ မလိုလောက်အောင် မြင်သာပြီးဖြစ်ကြောင်း ဟားရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့လက်မှာ အမေရိကန်ရဲ့ သွေးတွေ စွန်းနှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ လောက်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်မျိုးဟာ လွန်ကဲပြီး ဆိုးရွားလွန်းကြောင်း ဟားရစ်က ပြောပါတယ်။ သူက အီရန် မျှော်လင့်နေတဲ့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေး ရည်မှန်းချက်ဟာ ဘယ်တော့မှ ဖြစ်မြောက်လာမှာ မဟုတ်ဘူးလို့လည်း အာမခံခဲ့ပါတယ်။ အဲဒီကိစ္စကို တားဆီးဖို့ကလည်း သူ့ရဲ့ နံပါတ်တစ် ဦးစားပေး ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့ ဟားရစ်က ပြောကြားသွားပါတယ်။

အီရန်ဟာ အစ္စရေး လုပ်ကြံမှုကြောင့် အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ တပ်မှူးတွေ၊ အီရန်မဟာမိတ် ပြောက်ကျားတပ်တွေရဲ့ ခေါင်းဆောင်တွေ သေဆုံးခဲ့ကြောင်း စွပ်စွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အစ္စရေးနိုင်ငံ အနှံ့ကို ဒုံးကျည် အစင်း ၂၀၀ လောက် စုပြုံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို အစ္စရေးက လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီး အီရန်ရဲ့ နျူကလီးယား နည်းပညာ ဌာနတွေနဲ့ စက်ရုံတွေကို ပစ်မှတ်ထားလာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

CBSက ဟားရစ်အနေနဲ့ အီရန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို ဟန့်တားရာမှာ စစ်အင်အားကို ထုတ်သုံးဖို့ ရည်ရွယ်ချက် ရှိသလားလို့ မေးမြန်းတဲ့ အခါမှာတော့ ဒုတိယ သမ္မတက သူဟာ ထင်ကြေးသီအိုရီတွေအပေါ် အခြေခံပြီး မှတ်ချက်ပေးတာမျိုး မလုပ်ချင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: Al Jazeera⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။