Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့တောင်အာရှ NATO မဟာမိတ် ဖွဲ့စည်းဖို့ ဖြစ်နိုင်ခြေကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ပယ်ချ

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO)လို စစ်မဟာမိတ် အင်အားစုမျိုး အရှေ့တောင်အာရှမှာ ပေါ်ထွန်းလာဖို့ဆိုတာ သင့်တော်တဲ့ စိတ်ကူး မဟုတ်ဘူးလို့ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှ NATO မဟာမိတ် ဖွဲ့စည်းဖို့ ဖြစ်နိုင်ခြေကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ပယ်ချ
အရှေ့တောင်အာရှ NATO မဟာမိတ် ဖွဲ့စည်းဖို့ ဖြစ်နိုင်ခြေကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ပယ်ချ

NATOဟာ မြောက်အမေရိကနဲ့ အနောက်ဥရောပ နိုင်ငံတွေ စုပေါင်းထားတဲ့ ကာကွယ်ရေး မဟာမိတ် အဖွဲ့တစ်ခုဖြစ်ပြီး မူအားဖြင့် အဖွဲ့ဝင် နိုင်ငံတစ်ခု စစ်ပြုကျူးကျော် ခံရတဲ့အခါ NATO တစ်ဖွဲ့လုံးက စုပေါင်းတုံ့ပြန်ဖို့ ကတိထားရှိပါတယ်။

အရှေ့တောင်အာရှ အပါအဝင် အာရှတိုက်ရဲ့ အစိတ်အပိုင်း တချို့မှာလည်း NATOနဲ့ အလားတူ ဒေသတွင်း ကာကွယ်ရေး အင်အားစုတွေ ပေါ်ထွန်းလာသင့်ကြောင်း ထောက်ပြမှုတွေ ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ဘယ်တုန်းကမှ အကောင်အထည် မပေါ်ခဲ့ပါဘူး။

အရှေ့တောင်အာရှ နိုင်ငံတွေ စုစည်းထားတဲ့ အာဆီယံ အသိုက်အဝန်းမှာရော NATOပုံစံ မဟာမိတ် အင်အားစုမျိုး ပေါ်ထွန်းလာမလားလို့ အခုသီတင်းပတ်၊ မနီလာမြို့တော်မှာ ကျင်းပတဲ့ လုံခြုံရေး ဖိုရမ်တစ်ခုမှာ မေးမြန်းတဲ့အခါ ဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုက လက်တွေ့မကျတဲ့ စိတ်ကူးလို့ မှတ်ချက်ပေး တုံ့ပြန်သွားခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နောက်ခံအခြေအနေတွေက ကွဲပြားသလို အကျိုးစီးပွားဆိုင်ရာ ရှုထောင့်တွေကလည်း စုံလင် များပြားလွန်းကြောင်း၊ အဲဒီအခြေအနေမျိုးမှာ စုစည်းညီညွတ်တဲ့ စစ်မဟာမိတ်မျိုး ဖွဲ့စည်းဖို့ ဆိုတာက အင်မတန် စိန်ခေါ်မှု ကြီးမားကြောင်း တီယိုဒိုရိုက ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဥပမာ အနေနဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ မဟာမိတ်ဆန်တဲ့ ဆက်ဆံရေး ရှိကြောင်း၊ နောက်ထပ် စိတ်တူသဘောတူ နိုင်ငံတွေနဲ့လည်း မဟာမိတ် ဆက်ဆံရေးကို ထူထောင်နေကြောင်း၊ တစ်ဖက်မှာတော့ တခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကတော့ တရုတ်နဲ့ မဟာမိတ် ဆက်ဆံရေးကို တည်ဆောက်နေကြောင်း ဝန်ကြီးက ပြောပါတယ်။

အရှေ့အာရှ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ရဲ့ ဝန်ကြီးချုပ်သစ် ရှီဂီရူ အီရှီဘာက အာရှတိုက်ရဲ့ NATO အင်အားစုမျိုး ရှိသင့်ကြောင်း အယူအဆကို ပြန်လည် ဖော်ဆောင်လာတဲ့နောက် မနီလာ လုံခြုံရေး ဖိုရမ်မှာ အရှေ့တောင်အာရှ NATO ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့တာပါ။

ကမ္ဘာ့အရေး လေ့လာသုံးသပ်သူတွေက အရှေ့တောင်အာရှ ဒေသဟာ တရုတ်နဲ့ အမေရိကန်တို့ကြား ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ဩဇာလွှမ်းမိုးဖို့ အားပြိုင်ကြတဲ့ နယ်မြေတစ်ခု ဖြစ်လာနေကြောင်း သုံးသပ်ပြထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

Facebook