Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်လအတွင်း ၅ ခုမြောက် မုန်တိုင်း တိုက်ခတ်မှုအတွက် ပြင်ဆင်နေရတဲ့ ဖိလစ်ပိုင်

တစ်လမပြည့်ခင် ကာလအတွင်း ကြုံတွေ့ရမယ့် ၅ ခုမြောက် မုန်တိုင်းအတွက် ဖိလစ်ပိုင်မှာ ရာသီဥတု သတိပေး ကြေညာချက်တွေ ထုတ်ပြန်နေရပြီ ဖြစ်ပါတယ်။

တစ်လမပြည့်ခင် ကာလအတွင်း ကြုံတွေ့ရမယ့် ၅ ခုမြောက် မုန်တိုင်းအတွက် ဖိလစ်ပိုင်မှာ ရာသီဥတု သတိပေး ကြေညာချက်တွေ ထုတ်ပြန်နေရပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမျိုးသား မိုးလေဝသ အေဂျင်စီက အူဆာဂီ မုန်တိုင်းဟာ နိုင်ငံရဲ့ အရှေ့မြောက် ကမ်းရိုးတန်းဆီ ဦးတည် ရွေ့လျားနေပြီး ၂ ရက်အတွင်း ကုန်းတွင်းဝင်ရောက် တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်း တိုရာဂျီ ဝင်ရောက် တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ပြီး လူပေါင်း ၃၂၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အခုတော့ တိုရာဂျီဟာ အပူပိုင်း မုန်တိုင်းငယ်အဆင့် အားပျော့သွားပြီဖြစ်ပြီး ဖိလစ်ပိုင်မှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။

တိုရာဂျီ မတိုင်ခင် သီတင်းပတ်တွေတုန်းက အင်အားပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း ထရာမီ၊ တိုင်ဖွန်း ယင်ရှင်းနဲ့ စူပါတိုင်ဖွန်း ကောင်ရေးတို့ဟာ ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး စုစုပေါင်း လူ ၁၅၉ ဦး သေဆုံးစေခဲ့ပါတယ်။ အသေအပျောက် အများစုဟာ ထရာမီ မုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တာပါ။ ထရာမီကြောင့် ဖိလစ်ပိုင် အနှံ့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ဖိလစ်ပိုင်ကို ချဉ်းကပ်လာနေတဲ့ အူဆာဂီ မုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၇၅ ကီလိုမီတာလောက် ရှိနေပြီး နိုဝင်ဘာ ၁၄ ရက်နေ့ကျရင် ဖိလစ်ပိုင် ကမ်းရိုးတန်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ တိုင်ဖွန်းအဆင့်ထိ အားကောင်းလာနိုင်ခြေလည်း ရှိပါတယ်။

အာဏာပိုင်တွေက မုန်တိုင်းဝင်ရောက်မယ့် ကာလအတွင်း ပင်လယ်ပြင်ကို လှေငယ်တွေ စွန့်စားထွက်ခွာတာမျိုး လုံးဝမလုပ်ဖို့ သတိပေး တိုက်တွန်းထားပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်း ရာသီတွေရောက်တိုင်း ပြင်းအားမတူညီတဲ့ မုန်တိုင်းပေါင်း ၂၀ ဝန်းကျင်နဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် နောက်ပိုင်း ကာလတွေမှာ မုန်တိုင်းတွေဟာ ကမ်းရိုးတန်းနဲ့ ပိုနီးနီးကပ်ကပ် ဖွဲ့စည်းပေါ်ပေါက်လာတတ်ပြီး ခပ်မြန်မြန် အင်အားကောင်းလာတာ၊ သာမန်ထက်ပိုပြီး သက်တမ်းရှည်ကြာတာတွေ တွေ့လာရတယ်လို့ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။