Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုင်အက်စ်ရဲ့ အသေခံ ဗုံးခွဲမှုကြောင့် တာလီဘန် ဝန်ကြီးတစ်ဦး သေဆုံး

အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခုမှာ အာဖဂန် နစ္စတန် နိုင်ငံရဲ့ တာလီဘန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ယောက် သေဆုံးသွားကြောင်း သိရပါတယ်။

အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခုမှာ အာဖဂန် နစ္စတန် နိုင်ငံရဲ့ တာလီဘန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ယောက် သေဆုံးသွားကြောင်း သိရပါတယ်။

ကဘူးလ်မြို့မှာရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနားမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားတဲ့ အသေခံ ဗုံးခွဲမှုမှာ ဒုက္ခသည်နဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ဝန်ကြီး ဟက်ကာနီ သေဆုံးသွားတယ်လို့ နိုင်ငံတကာက အသိအမှတ် ပြုမထားတဲ့ တာလီဘန် အစိုးရက ကြေညာခဲ့ပါတယ်။ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဟာ ဟက်ကာနီရဲ့ တူအရင်း တော်စပ်သူ ဆီရာဂျူဒင် ဟက်ကာနီ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ဟက်ကာနီ အပါအဝင် သေဆုံးသူ ၆ ဦး ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် တချို့က ပြောပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်သိမ်းလိုက်ချိန်ကစလို့ ဟက်ကာနီဟာ အစိုးရ အဖွဲ့ဝင်တွေထဲမှာ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ဟက်ကာနီဟာ ရုံးကနေအထွက်မှာ အသေခံ ဗုံးခွဲမှုနဲ့ ကြုံတွေ့ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ တာလီဘန်တွေရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က အဲဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိုင်အက်စ် အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ယူထားတဲ့ အေမက် သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုင်အက်စ် စစ်သွေးကြွ တစ်ဦးဟာ ဝန်ကြီးဌာန အပြင်ဖက်မှာ အသင့်ကြိုတင် စောင့်ဆိုင်းနေပြီး ဟက်ကာနီ အပြင်ထွက်လာတဲ့အချိန် အချိန်ကိုက် ဗုံးဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကလည်း ဟက်ကာနီ သေဆုံးမှုဟာ အိုင်အက်စ်ရဲ့ လက်ချက်ဖြစ်တယ်လို့ Reuters သတင်းဌာနဆီ သီးခြား အတည်ပြုခဲ့ပါတယ်။

သေဆုံးသူ ဟက်ကာနီရဲ့ တူတော်စပ်သူ ဆီရာဂျူဒင် ဟက်ကာနီဟာ လောလောဆယ် တာလီဘန် အစိုးရ အဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပါတယ်။

အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီးနောက်ပိုင်း တာလီဘန်တွေဟာ အာဖဂန် နစ္စတန် တစ်နိုင်ငံလုံးကို အခိုင်အမာ ပြန်လည် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း အိုင်အက်စ်တွေရဲ့ အသေခံ ဗုံးခွဲမှုတွေ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အခက်ကြုံနေရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။