Connect with us

Hi, what are you looking for?

နိုင်ငံတကာ

F-16 တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ဟာ ဘယ်နိုင်ငံကိုမှ ရန်လိုတဲ့ သဘော မဟုတ်ဘူးလို့ ဖိလစ်ပိုင်ပြော

အမေရိကန်ဆီကနေ F-16 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ စီစဉ်နေတာဟာ ဘယ်နိုင်ငံကိုမှ ရန်လို ခြိမ်းခြောက်တဲ့ သဘောမျိုး မဟုတ်ဘူးလို့ ဖိလစ်ပိုင် လုံခြုံရေး ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆီကနေ F-16 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ စီစဉ်နေတာဟာ ဘယ်နိုင်ငံကိုမှ ရန်လို ခြိမ်းခြောက်တဲ့ သဘောမျိုး မဟုတ်ဘူးလို့ ဖိလစ်ပိုင် လုံခြုံရေး ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကို အကြောင်းပြုပြီး ဖိလစ်ပိုင်နဲ့ ဆက်ဆံရေး တင်းမာမှုတချို့ ရှိနေတဲ့ တရုတ်ကို ရည်ရွယ်ပြီး ဖိလစ်ပိုင် အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျိုနသန် မာလာယာက အခုလို အာမခံခဲ့တာ ဖြစ်ပါတယ်။

F-16 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ စီစဉ်နေတာဟာ ဖိလစ်ပိုင် အနေနဲ့ စစ်တပ်ကို အဆင့်မြှင့် မွမ်းမံဖို့ အတွက်သာဖြစ်ပြီး တခြားနိုင်ငံ တစ်ခုခုကို ရန်လိုတဲ့ သဘော မရှိဘူးလို့ မာလာယာက ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက အမေရိကန်ဒေါ်လာ ၅.၅၈ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ် အစီး ၂၀ ကို ဖိလစ်ပိုင်ဆီ ရောင်းချရေးကိစ္စ ဆွေးနွေးမှုတွေ သဘောတူခဲ့ကြောင်း ပြောကြားခဲ့တဲ့နောက် ဖိလစ်ပိုင်ဖက်က အခုလို ဖြေရှင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

အမေရိကန်ကတော့ နည်းပညာပိုင်း အဆင့်မြှင့်တင်ထားတဲ့ F-16တွေဟာ နိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ဖို့၊ လက်နက်ကိုင် တပ်ဖွဲ့တွေကြားက စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု စွမ်းအင်ကို မြှင့်တင်ဖို့ အများကြီး အထောက်အကူ ဖြစ်လာစေမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မာလာယာကတော့ တိုက်လေယာဉ်တွေ အရောင်းအဝယ် ကိစ္စအတွက် အမေရိကန်က ခွင့်ပြုကြောင်း ဖိလစ်ပိုင်ဆီ တရားဝင် အကြောင်းကြားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၂ ရက်နေ့တုန်းကတော့ တရုတ်ဟာ F-16တွေ ဝယ်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်ကို သတိပေးခဲ့သလို အဲဒီကိစ္စဟာ တရုတ်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ကဏ္ဍအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွန်က ဖိလစ်ပိုင်က တခြားနိုင်ငံတွေနဲ့ ကာကွယ်ရေး၊ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတိုင်းဟာ နောက်ထပ် နိုင်ငံတစ်ခုရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်မှု၊ ခြိမ်းခြောက်မှု မဖြစ်အောင်၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိပါးမှု မရှိအောင်၊ ဒေသတွင်း တင်းမာမှုတွေကို ပိုဆိုးမလာအောင် ထိန်းသိမ်း လုပ်ဆောင်ဖို့ လိုကြောင်း သတိပေးခဲ့ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သာ မကဘဲ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေနဲ့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။