Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗလီတွေကိုပါ အိန္ဒိယက တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်ပြော၊ အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချခဲ့တယ်လို့ဆို

အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗလီတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ပါကစ္စတန်က စွပ်စွဲခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

AFP

အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗလီတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ပါကစ္စတန်က စွပ်စွဲခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပစ်ခတ်မှု တစ်ခုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ မေလ ၇ ရက် မနက်ပိုင်းမှာ အိန္ဒိယဟာ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယား အစိတ်အပိုင်းတွေနဲ့ ပါကစ္စတန်ရဲ့ မြို့တချို့ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့က လူ ၂၆ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ရှိနေကြောင်း အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ဖက်ကတော့ ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

မေလ ၇ ရက်နေ့ တိုက်ခိုက်မှုဟာ ကက်ရှ်မီးယားနဲ့ ပါကစ္စတန် ပိုင်နက်ထဲက အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အခြေခံ အဆောက်အအုံ နေရာ ၉ ခုကို ပစ်မှတ်ထားခဲ့တာလို့ အိန္ဒိယက ကြေညာပါတယ်။ အဲဒီထဲက တချို့ဟာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ အင်အားစုတွေ ခိုအောင်းနေတဲ့ နေရာတွေလို့လည်း အိန္ဒိယက ပြောပါတယ်။

အိန္ဒိယက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေအဖြစ် စွပ်စွဲထားတဲ့ ဂျိုက်ရှ်အီ မိုဟာမက်၊ လက်ရှ်ကာအီ တာလီဘာတို့ရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပေမယ့် ပါကစ္စတန်ကတော့ အိန္ဒိယရဲ့ ပစ်မှတ်တွေထဲမှာ ဗလီနှစ်လုံးပါ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး အိန္ဒိယ စွပ်စွဲသလိုမျိုး ပစ်မှတ်တွေဟာ စစ်ရေးနဲ့ ပတ်သက်တဲ့နေရာ တစ်ခုမှ မဟုတ်ခဲ့ဘူးလို့လည်း ပါကစ္စတန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး လေကြောင်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယ တိုက်လေယာဉ် ၅ စီးနဲ့ ဒရုန်း ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ပါကစ္စတန်က ပြောပါတယ်။ ပစ်ချခဲ့တဲ့ လေယာဉ်တွေဟာ Rafale ၃ စီး၊ MiG-29 ၁ စီးနဲ့ SU-30 ၁ စီးတို့ဖြစ်ကြောင်းလည်း ပါကစ္စတန်က ကြေညာထားပါတယ်။ အိန္ဒိယ စစ်တပ်ကတော့ ဆင်ဒူးလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့သလား ဆိုတာကို ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲပါ။

AFP သတင်းဌာနကတော့ ကက်ရှ်မီးယား ဒေသထဲက အိန္ဒိယ ထိန်းချုပ်ထားရာ ဝူယန်ဧရိယာမှာ ပျက်ကျထားတယ်ဆိုတဲ့ လေယာဉ် အပျက်အစီး ဓာတ်ပုံ ၃ ပုံကို ဖော်ပြထားပါတယ်။ အဲဒီပုံတွေမှာတော့ ပါးလွှာပြီး တွန့်လိမ်နေတဲ့ ငွေရောက် သတ္တုကိုယ်ထည် အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်ကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး နှစ်ဖက်စလုံးမှာ အသေအပျောက်တွေ ရှိခဲ့ကြောင်း အသီးသီး အတည်ပြုထားကြပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းကတော့ အခုတင်းမာမှုတွေကို အကြောင်းပြုပြီး အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြားမှာ အလုံးစုံ စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။

၂၀၁၉ တုန်းကလည်း အိန္ဒိယဟာ အရန်ရဲတပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု တစ်ခုကို အကြောင်းပြုပြီး ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် အခုတစ်ကြိမ်က အဲဒီထက် ပိုပြီး ပမာဏ ကျယ်ပြန့်ပါတယ်။

Foreign Policy မဂ္ဂဇင်းရဲ့ တောင်အာရှရေးရာ လေ့လာသူ မိုက်ကယ်ကူဂယ်လ်မန်ကတော့ အိန္ဒိယရဲ့ နောက်ဆက်တွဲ ခြေလှမ်းက ဘာဖြစ်မလဲ ဆိုတာကို အားလုံး စောင့်ကြည့်နေရပြီ ဖြစ်ကြောင်း၊ ပဋိပက္ခက အရှိန်လျော့သွားမလား၊ ပိုကျယ်ပြန့်လာမလား ဆိုတာ အိန္ဒိယရဲ့ စစ်ရေး ရွေးချယ် ဆုံးဖြတ်မှုအပေါ် လုံးလုံးလျားလျား မူတည်နေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။