Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ နဲ့ ပါကစ္စတန် ချက်ချင်းအပစ်ရပ်ရန် သ​ဘောတူလိုက်​ကြောင်း ထရမ့်​ကြေညာ

ခြွင်းချက်မရှိ၊ ချက်ချင်း အပစ်အခတ် ရပ်စဲကြဖို့ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံတွေက သဘောတူခဲ့ကြပြီလို့ အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာခဲ့ပါတယ်။

​မေ-၁၀၊၂၀၂၅။People’s Spring

ခြွင်းချက်မရှိ၊ ချက်ချင်း အပစ်အခတ် ရပ်စဲကြဖို့ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံတွေက သဘောတူခဲ့ကြပြီလို့ အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာခဲ့ပါတယ်။

မေလ ၇ ရက်နေ့ကအာရှတောင်ပိုင်းနှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေစတင်ခဲ့ပြီး ၄ ရက်ကြာ အပြန်အလှန် တိုက်ခိုက်ခဲ့တဲ့နောက် မေလ ၁၀ ရက်နေ့မှာ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုအရ အပစ်ရပ်ဖို့ နှစ်ဖက်စလုံးက လက်ခံခဲ့တာလို့ ထရမ့်က လူမှုကွန်ရက်ကနေဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေးဟာ အပြည့်အဝနဲ့ ချက်ချင်း အကောင်အထည် ပေါ်လာမှာ ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နှစ်နိုင်ငံကြား အပစ်ရပ်မှာဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်က ချက်ချင်းအသက်ဝင်မယ်လို့သီးခြား ကြေညာခဲ့ပါတယ်။

အမေရိကန်ကကြားဝင်ညှိပေးတဲ့ရှည်လျားတဲ့တစ်ညတာ ကာလကိုဖြတ်သန်းပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာအပြည့်အဝ၊ချက်ချင်းအပစ်အ

ခတ် ရပ်စဲကြတော့မယ် ဆိုတာကို ကျေကျေနပ်နပ်ကြီးကြေညာလိုက်ကြောင်း၊ နှစ်နိုင်ငံကကြောင်းကျိုးသင့်လျော်ချိန်ဆမှုနဲ့ကောင်းမွန်တဲ့ တွေးခေါ်မြော်မြင်မှုတွေကိုအသုံးချခဲ့တဲ့အတွက်ဂုဏ်ပြုလိုကြောင်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ပါကစ္စတန်က စစ်ရေးတင်းမာမှုတွေကြောင့် နိုင်ငံရဲ့နျူကလီးယားလက်နက်တွေကိုထိန်းချုပ် ကိုင်တွယ်ထားတဲ့ စစ်ဘက်နဲ့ အရပ်ဖက် အရာရှိတွေ တွေ့ဆုံဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် နျူကလီးယားစစ်ပွဲအဆင့်ထိ ရောက်ရှိသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပေမယ့် အခုလို ခပ်မြန်မြန် အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကအဲဒီလိုတွေ့ဆုံဖို့အစီအစဉ်မရှိခဲ့ဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။အိန္ဒိယရော၊ပါကစ္စတန်တို့ပါ နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

နှစ်ဖက်ကြား ၄ ရက်လောက်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်တလျှောက်မှာစုစုပေါင်းအရပ်သားအသေအပျောက်ဟာ ၆၆ ဦးလောက်ရှိခဲ့ကြောင်းသိရပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။