Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးပေါင်း စစ်ရေးလေ့ကျင့်၊ ကမ်းခြေစောင့်တပ်တွေပါ ပါဝင်လာ

တောင်တရုတ်ပင်လယ် ရေပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တောင်တရုတ်ပင်လယ် ရေပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်နေ့က စစ်ရေးလေ့ကျင့်မှုဟာ ပါလာဝမ်နဲ့ အော့စီဒန်တယ်လ် မင်ဒိုရို ကမ်းလွန် ရေပြင်မှာဖြစ်ပြီး ဖိလစ်ပိုင် ရေတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်တွေဟာ အမေရိကန် ကမ်းခြေစောင့်တပ် သင်္ဘော Stratton၊ အမေရိကန် ရေတပ်ရဲ့ ကင်းလှည့်လေယာဉ် P-8A Poseidon တစ်စီးတို့နဲ့အတူ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဖိလစ်ပိုင် စစ်တပ်က ကြေညာခဲ့ပါတယ်။

ဒါဟာ အခုနှစ်အတွင်း နှစ်နိုင်ငံ ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာတော့ ၆ ကြိမ်မြောက်ပါ။ စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ အပြန်အလှန် ဆက်သွယ် ချိတ်ဆက်မှုတွေ၊ ရှာဖွေကယ်ဆယ်ရေး မစ်ရှင်တွေကိုလည်း ထည့်သွင်းထားခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြားက တင်းမာမှုတွေအတွက် ဗဟိုချက် ဧရိယာလည်း ဖြစ်နေပါတယ်။ တရုတ်က တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ကြီးစိုး ထိန်းချုပ်ဖို့ ကြိုးစားနေရာက ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ ပြဿနာ ဖြစ်နေတာပါ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့် တပ်တွေကြားမှာ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခ တချို့လည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်ဖက်ကနေ အခိုင်အမာ ရပ်တည်နေသလို တောင်တရုတ်ပင်လယ်ရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ ရေကြောင်း သွားလာခွင့်ကိုလည်း ကာကွယ်သွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီ ရေပြင်ဟာ နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံဖိုးလောက် များပြားတဲ့ ကုန်သွယ်ရေကြောင်း သွားလာမှုတွေ ဖြတ်သန်းနေတဲ့ ဧရိယာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံး နီးပါးကို ထိန်းချုပ်ခွင့်ရှိကြောင်း တရုတ်ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တုန်းက နိုင်ငံတကာ ခုံရုံးတစ်ခုက ပယ်ချကြောင်း အဆုံးအဖြတ် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အဲဒီ စီရင်ချက်ကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။