Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကျောင်းသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းမယ်လို့ အမေရိကန်ကြေညာ

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ် ကျောင်းသား အများအပြားရဲ့ ဗီဇာတွေကို အပူတပြင်း လိုက်လံ ရုပ်သိမ်းသွားမယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

AP

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ် ကျောင်းသား အများအပြားရဲ့ ဗီဇာတွေကို အပူတပြင်း လိုက်လံ ရုပ်သိမ်းသွားမယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ နိုင်ငံတကာ ကျောင်းသားသစ်တွေရဲ့ ဗီဇာ လက်ခံမှုတွေကို ဆိုင်းငံ့ထားဖို့ မေလ ၂၆ ရက်နေ့က သံရုံးတွေဆီ ညွှန်ကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ တရုတ် ကျောင်းသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းမယ့် အစီအစဉ်ကိုပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို ထုတ်ပြန်တဲ့ ကြေညာချက် တစ်ခုမှာတော့ အဲဒီ အစီအစဉ်ဟာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)နဲ့ ဆက်စပ်သူတွေ၊ ပြီးတော့ အရမ်းအရေးကြီးတဲ့ နယ်ပယ်ကဏ္ဍမှာ ပညာသင်ယူနေသူတွေကို အဓိက ရည်ရွယ်မှာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်မှာ ရောက်ရှိနေတဲ့ တရုတ်ကျောင်းသား အားလုံးရဲ့ ပညာရေးဗီဇာကို ရုပ်သိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။

Getty Images

ပြီးတော့ အနာဂတ်မှာ တရုတ်နဲ့ ဟောင်ကောင်ဆီက ကျောင်းသားသစ်တွေကို လက်ခံဖြစ်မယ် ဆိုရင်လည်း ဗီဇာ ထုတ်ပေးမှုနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် စစ်ဆေးမှုတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်သွားစေမယ်လို့ ရူဘီရိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံကြား ကုန်သွယ်ရေး မူဝါဒဆိုင်ရာ အားပြိုင်မှုတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာ တစ်ခုထိ ပြေလည်အောင် ညှိနှိုင်းထားနိုင်ခဲ့ပေမယ့် တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးဟာ တင်းမာမှုတွေ ရှိနေဆဲပါ။

တရုတ် ကျောင်းသားတွေကို အမေရိကန်က ဗီဇာရုပ်သိမ်းမှုတွေ လုပ်ဆောင်မယ့် ကိစ္စအပေါ် တရုတ်ဖက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ၂၀၂၄ ခုနှစ်တုန်းက အမေရိကန်မှာ ကျောင်းတက်နေတဲ့ တရုတ်နိုင်ငံသား ၂၈၀၀၀၀ လောက် ရှိခဲ့ပါတယ်။ တရုတ်ဟာ အိန္ဒိယပြီးရင် အမေရိကန်ကို ကျောင်းသားတွေ စေလွှတ်ပညာသင်ကြားမှု ဒုတိယ အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အချမ်းသာဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ ဟားဗတ်နဲ့လည်း မူဝါဒရေးရာ သဘောထား ကွဲလွဲပြီး အကြီးအကျယ် တင်းမာမှုတွေ ရှိနေပါတယ်။ အဲဒီ အခြေအနေမှာ ထရမ့်က ဟားဗက်အတွက် သုတေသန ရန်ပုံငွေတွေ ဖြတ်တောက်ပစ်တာ၊ တက္ကသိုလ်ရဲ့ နိုင်ငံခြား ကျောင်းသား လက်ခံခွင့်ကို ပိတ်ပင်တာမျိုးတွေနဲ့ ဖိအားပေးနေပြီး ဟားဗက်ကလည်း အမေရိကန် အစိုးရကို တရားစွဲပြီး ခုခံဖို့ ကြိုးစားနေပါတယ်။ ထရမ့်က ဟားဗက်ရဲ့ အခွန်ကင်းလွတ်ခွင့်ရ အဖွဲ့အစည်းအဖြစ် ရပ်တည်နေမှုကိုပါ ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေလိုပဲ ကိုယ်တိုင် အထိခိုက်ခံပြီး အမေရိကန် အစိုးရကို နှောင့်ယှက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်နေမှု (shutdown)ကာလကြာမြင့်လာတဲ့နောက် အစိုးရဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေရဲ့ လုံခြုံရေးကို ကြီးမှူးတာဝန်ယူရတဲ့ဝန်ထမ်းတွေကိုပါ ခွင့်သတ်မှတ်အနားပေးပြီးရုံးမတက်ဖို့ ညွှန်ကြားခဲ့ရပါတယ်။

နိုင်ငံတကာ

အစိုးရ ဘတ်ဂျတ်ကိစ္စအတွက် အထက်လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေ အဆင်မပြေသေးတာကြောင့် အမေရိကန် အစိုးရ ယန္တရားတွေ ဆိုင်းငံ့ထားရတဲ့ shutdownကာလက ဆက်ပြီး ရှည်ကြာနေဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွှတ်တော်မှာ နောက်ဆုံးမိနစ်ပိုင်းထိ အရေးပေါ် ညှိနှိုင်းမှုတွေ မအောင်မြင်တော့တဲ့နောက် အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ရပ်တန့်ပြီး shutdown ဖြစ်သွားပါတယ်။