Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာလီကျွန်း ဗုံးခွဲမှု တရားခံဟောင်း ကော်ဖီလုပ်ငန်း စတင်

ဘာလီကျွန်း ဗုံးခွဲမှု တရားခံဟောင်း အမျိုးသားဟာ အင်ဒိုနီးရှား နိုင်ငံမှာ ကိုယ်ပိုင် ကော်ဖီ လုပ်ငန်းတစ်ခု စတင် လည်ပတ်နေကြောင်း သိရပါတယ်။

Reuters

ဘာလီကျွန်း ဗုံးခွဲမှု တရားခံဟောင်း အမျိုးသားဟာ အင်ဒိုနီးရှား နိုင်ငံမှာ ကိုယ်ပိုင် ကော်ဖီ လုပ်ငန်းတစ်ခု စတင် လည်ပတ်နေကြောင်း သိရပါတယ်။

အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ ဂျီမား အစ္စလာမ်မီယာ အဖွဲ့ဝင်ဟောင်း အူမာ ပါတက်ခ်ဟာ ၂၀၀၂ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက နိုက်ကလပ် ဗုံးခွဲမှုတွေအတွက် ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရဖူးသူပါ။ တရားရုံးမှာ စစ်ဆေးမှုတွေအရ ပါတက်ခ်ဟာ နိုက်ကလပ် နှစ်ခုမှာ ဖောက်ခွဲခဲ့တဲ့ ဗုံးတွေကို ပြုလုပ်ပေးခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဘာလီကျွန်း ဗုံးခွဲမှုကြောင့် ဩစတြေးလျ နိုင်ငံသား ၈၈ ဦး၊ အင်ဒိုနီးရှား ၃၈ ဦးတို့ အပါအဝင် လူ ၂၀၂ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ပါတက်ခ်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ပြီးတော့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝန်ချ တောင်းပန်ခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ သူဟာ ဂျာဗား ကျွန်းပေါ်က ဆူရာဘာယာမြို့မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင် တစ်ခုအတွက် ကော်ဖီစေ့တွေ တင်သွင်းတဲ့ လုပ်ငန်းကို စတင်ခဲ့ပါတယ်။ သွားဆရာဝန် တစ်ဦးဖြစ်သူ ဒေးဗစ် အန်ဒရီရက်စ်မီတို ပိုင်ဆိုင်တဲ့ ကော်ဖီဆိုင်ဟာ ပီတက်ခ်ရဲ့ ကော်ဖီစေ့တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပီတက်ခ်က သူဟာ ထောင်ကလွတ်ပြီး ကတည်းက အလုပ်ရှာရ ခက်နေခဲ့ပြီး သူ့ရဲ့ အတိတ်ပုံရိပ်ကြောင့် သူနဲ့ တွဲအလုပ်လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မှာကိုလည်း စိတ်ပူမိကြောင်း ပြောပါတယ်။ လူတွေ အမြင်မှာ အကြမ်းဖက်သမားဟောင်း၊ ထောင်ထွက်ဆိုတဲ့ အမြင်က သူ့ကို အလုပ်တစ်ခု ရစေဖို့ အခက်တွေ့စေခဲ့တယ်လို့ အသက် ၅၈ နှစ်အရွယ် ပီတက်ခ်က ပြောပြခဲ့ပါတယ်။

သူ့ရဲ့ ကော်ဖီလုပ်ငန်း အဆင်ပြေလာရင် အကျိုးအမြတ် တချို့ကို ဘာလီဗုံးခွဲမှုကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအတွက် ခွဲဝေလှူဒါန်းချင်တယ်လို့လည်း ပီတက်ခ်က ဆိုပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ ပီတက်ခ်ကို လွှတ်ပေးလိုက်ပြီး ကတည်းက သူ့ကို နိုင်ငံရဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အားထုတ်မှုတွေမှာ စံနမူနာ ပြုစရာ တစ်ခုအဖြစ် တောက်လျှောက် ပုံဖော် ညွှန်းဆိုခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။