Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက မြို့ငယ်တစ်ခုကို တောင်ကျရေတွေ ဖုံးလွှမ်းခဲ့ပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံရဲ့ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်ရာ ဒေသက မြို့ငယ်လေး တစ်ခုမှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ရာနဲ့ချီ ပျောက်ဆုံးသွားပါတယ်။

AFP

အိန္ဒိယနိုင်ငံရဲ့ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်ရာ ဒေသက မြို့ငယ်လေး တစ်ခုမှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ရာနဲ့ချီ ပျောက်ဆုံးသွားပါတယ်။

ဩဂုတ် ၅ ရက်နေ့က အက်တာခန် ပြည်နယ်ထဲမှာရှိတဲ့ ဒါရာလီ မြို့လေးဆီကို တောင်ကျရေတွေ အင်နဲ့အားနဲ့ စီးဆင်းလာပြီး တစ်မြို့လုံးကို ရေဖုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တောင်ကျရေတွေဟာ ကျဉ်းမြောင်းတဲ့ တောင်ကြားတလျှောက် ရုတ်တရက် ရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်ဖို့ အချိန် မရှိသလောက် နည်းခဲ့တယ်လို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြောပါတယ်။

မြို့က ချက်ချင်း ရေဖုံးသွားပြီး သိပ်မကြာခင်မှာပဲ ရေပြန်ကျသွားခဲ့ပေမယ့် ရွှံအလိမ်းလိမ်းနဲ့ အပျက်အစီးတွေ ပြန့်ကြဲပြီး ကျန်ခဲ့ပါတယ်။ ဩဂုတ် ၆ ရက် မနက်ပိုင်းထိ အခြေအနေအရ အနည်းဆုံး ၄ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး ပျောက်ဆုံးနေသူကတော့ ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။

ဒါရာလီရဲ့ အခြေအနေက စိုးရိမ်ရကြောင်း၊ လက်ရှိ အချိန်ထိ ၄ ဦးသေပြီး ၁၀၀ လောက် ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ရထားကြောင်း၊ မြို့ခံတွေရဲ့ လုံခြုံရေးအတွက် ဆုတောင်းပေးကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ ဆန်ဂျေးဆက်သ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ တောင်စောင်းအတိုင်း အရှိန်နဲ့ စီးကျလာတဲ့ မည်းညစ်တဲ့ ရေတွေဟာ တောင်ခြေ မြို့လေးထဲကို လှိုင်းလုံးကြီးတွေလို ဝင်ရောက်လာပြီး သုံးလေးထပ်မြင့်တဲ့ အဆောက်အအုံတွေတောင် ရေစီးနဲ့ မျောပါသွားခဲ့တာကို တွေ့ရပါတယ်။ တချို့နေရာတွေမှာတော့ လူတွေက ကြောက်လန့်တကြား ထွက်ပြေးနေရင်းနဲ့ပဲ ရေထုရဲ့ ဖုံးအုပ်သွားတာကို ခံခဲ့ရပါတယ်။

အက်တာခန် ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာ ဆင်း ဒါမီကတော့ ဒါရာလီမြို့မှာ စစ်ဖြစ်နေတယ်လို့ ယူဆတဲ့အထိ အရေးပေါ် အခြေအနေ သတ်မှတ်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။ အိန္ဒိယ စစ်တပ်ကလည်း တပ်အင်အား ၁၅၀ လောက်ဟာ မြို့ဆီ အမြန်ဆုံး သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီခဲ့ကြောင်း၊ ပိတ်မိနေသူ ၂၀ လောက်ကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

မိုးလေဝသ ပညာရှင်တွေကတော့ ဟိမဝန္တာ တောင်တန်းတွေပေါ်မှာ မိုးတိမ်တောင်တွေ တစ်နေရာတည်းမှာ စုစည်းပြီး လွန်လွန်ကဲကဲ သည်းသည်းထန်ထန် မိုးရွာသွန်းတဲ့ ရာသီဥတု ဖြစ်စဉ် တစ်ခုကြောင့် အခုလို တောင်ကျရေတွေ ဒလဟော စီးဆင်းခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယ မိုးလေဝသ ဌာနဟာ ဒါရာလီမြို့နဲ့ အနီးတဝိုက် ဧရိယာတွေကို ရာသီဥတု အရေးပေါ် အခြေအနေ အမြင့်ဆုံး ကြေညာထားပါတယ်။ နောက်ပြီး အက်တာခန် ပြည်နယ်ရဲ့ တချို့ အစိတ်အပိုင်းတွေမှာ မိုးရေချိန် ၂၁၀ မီလီမီတာထိ အမြောက်အမြား ရွာသွန်းတာမျိုးကို တိုင်းတာရရှိထားတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။