Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက်မှာ ပြေးလမ်းပေါ် လေယာဉ်နှစ်စီး တိုက်မိ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လေဆိပ်တစ်ခုမှာ Delta လေကြောင်းပိုင်း လေယာဉ်နှစ်စီး ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး တစ်စီးက အတောင်ပံပါ ပြုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - @oren_juice/X

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လေဆိပ်တစ်ခုမှာ Delta လေကြောင်းပိုင်း လေယာဉ်နှစ်စီး ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး တစ်စီးက အတောင်ပံပါ ပြုတ်ထွက်သွားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းက ဖြစ်စဉ်မှာတော့ လေယာဉ်တွေဟာ ပြေးလမ်းပေါ်မှာ အရှိန် ခပ်ဖြည်းဖြည်းနဲ့သာ မောင်းနှင်နေခဲ့တာကြောင့်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ဖြစ်မသွားခဲ့တာပါ။ လေယာဉ် အမှုထမ်းတစ်ယောက် ဒဏ်ရာအနည်းအကျဉ်း ရခဲ့ပေမယ့် လေယာဉ်နှစ်စီးပေါ်က စုစုပေါင်း လူ ၈၅ ဦးစလုံး ဘေးကင်းခဲ့တယ်လို့ လာဂွာဒီယာ လေဆိပ်က ပြောပါတယ်။

ပြည်တွင်း ခရီးစဉ်အတွက် ပျံသန်းပြေးဆွဲလေ့ရှိတဲ့ CRJ-900 ဂျက်လေယာဉ် နှစ်စီးကို Delta လက်အောက်ခံ Endeavor Air လေကြောင်းလိုင်းက တာဝန်ယူထားတာ ဖြစ်ပါတယ်။ နှစ်စီးစလုံးက ပင်မ ပြေးလမ်းဆီ ခပ်ဖြည်းဖြည်း မောင်းနေရာကနေ အချင်းချင်း ချိတ်မိကုန်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ – @RenovateDylan/X

ဒီပြဿနာကြောင့် ခရီးသည်တွေကို လေယာဉ်တွေပေါ်ကနေ ရွှေ့ပြောင်းစေခဲ့ရပြီး ပျံသန်းထွက်ခွာဖို့ စီစဉ်ထားတဲ့ လေယာဉ်တစ်စီးပေါ်က ခရီးသည်တွေကိုတော့ အစားထိုးလေယာဉ် စီစဉ်ပေးခဲ့ရကြောင်း သိရပါတယ်။ Deltaကတော့ အဲဒီ အတောအတွင်း ခရီးသည်တွေကို ဟိုတယ်တွေမှာ နေရာချထားပေးပြီး စားရေးသောက်ရေး စီစဉ်ပေးခဲ့ကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်နှစ်စီး ဘယ်လိုဖြစ်ပြီး တိုက်မိခဲ့ကြသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ဖက်ဒရယ် အစိုးရ အသုံးစရိတ်တွေကို လျှော့ချဖို့ဆိုပြီး အေဂျင်စီ အများအပြားက ဝန်ထမ်းတွေကို အလုပ်ထုတ်ပစ်ခဲ့ရာမှာ လေကြောင်းထိန်းသိမ်းရေးဌာန ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အမေရိကန်ရဲ့ လေကြောင်း ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

အခုဖြစ်စဉ်မှာတော့ Endeavorရဲ့ ခရီးစဉ် အမှတ် ၅၁၅၅ လေယာဉ်ဟာ ဗာဂျီးနီးယားကို ပျံသန်းထွက်ခွာဖို့ အပြင်မှာ လေဆိပ်ကို လတ်တလော ဆိုက်ရောက်လာတဲ့ ခရီးစဉ်အမှတ် ၅၀၄၇ လေယာဉ်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

Delta လေကြောင်းလိုင်းကတော့ ဒီကိစ္စမှာ ဘယ်လိုအမှားအယွင်း ကြုံခဲ့သလဲ ဆိုတာကို စစ်ဆေးဖော်ထုတ်ဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

လေဆိပ် တာဝန်ရှိသူ တစ်ဦးကတော့ အသေးစား မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ အတည်ပြုခဲ့ပြီး လေဆိပ်ရဲ့ ပုံမှန် လုပ်ငန်းတွေကိုတော့ အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။