Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံမှာ အဖွဲ့ဝင်နိုင်ငံသစ် ဖြစ်လာတဲ့ အရှေ့တီမော

အရှေ့တီမောဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ တရားဝင် အဖွဲ့ဝင် နိုင်ငံသစ် ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ – ၂၆ ၊၂၀၂၅

အရှေ့တီမောဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ တရားဝင် အဖွဲ့ဝင် နိုင်ငံသစ် ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က အာဆီယံ ထိပ်သီးညီလာခံမှာ အရှေ့တီမောကို အဖွဲ့အစည်းရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင်သစ်အဖြစ် လက်ခံကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

အရှေ့တီမောကို လက်ခံကြိုဆိုတဲ့ စာချုပ်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ပြီး အရှေ့တီမောရဲ့ ဝန်ကြီးချုပ် ကေရာလာ ရှာနာနာ ဂူစ်မာအိုက နောက်ဆုံးမှာ လက်မှတ်ထိုးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်မှတ်ရေးထိုးမှု အပြီးမှာတော့ တခြား အာဆီယံ ၁၀ နိုင်ငံရဲ့ အလံတွေနဲ့အတူ အရှေ့တီမော အလံကိုပါ ခန်းမထဲမှာ ထားရှိ စိုက်ထူခဲ့ပါတယ်။

ကွာလာလမ်ပူ မြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဆီယံ မိသားစုထဲ အဖွဲ့ဝင်သစ် အရှေ့တီမောကို ကြိုဆိုကြောင်း ပြောကြားသွားပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံပါ။

ဂူစ်မာအိုကလည်း အာဆီယံ အဖွဲ့ဝင် ဖြစ်လာတာဟာ အရှေ့တီမောရဲ့ ရှည်လျားကြာညောင်းခဲ့တဲ့ အိပ်မက်တစ်ခု လက်တွေ့ အကောင်အထည် ပေါ်လာတာ ဖြစ်ကြောင်း၊ ပြီးတော့ အဲဒီ ဆန္ဒအတွက် ကြံ့ကြံ့ခံပြီး စူးစူးစိုက်စိုက် အားထုတ် မျှော်လင့်ခဲ့တာတွေရဲ့ အကျိုးရလဒ်လို့လည်း ဆိုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အရှေ့တီမောဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့်အတွက် ၂၀၁၁ မှာ စတင်လျှောက်ထားခဲ့ပြီး၂၀၂၂ မှာတော့လေ့လာသူအဖြစ်အာဆီယံ အစည်း အဝေးတွေ စတင်တက်ရောက်ခွင့် ရလာခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အရှေ့တီမောဟာ အာဆီယံရဲ့ အရေးအပါဆုံး အစည်းအဝေးတွေကို အနီးကပ် လေ့လာခွင့် ရနေခဲ့ပြီး တစ်ချိန်တည်းမှာပဲ အာဆီယံရဲ့ မူဝါဒရေးရာ၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု စံနှုန်းတွေနဲ့ ကိုက်ညီအောင်လည်း အလေးထား ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား – Free Malaysia Today

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို