Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးလောင်နေချိန်မှာ ကိုယ်လွတ်မရုန်းဘဲ ခွေးလေးတွေကို ခေါင်းအေးအေးနဲ့ ကယ်ထုတ်ခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသမီးကိုချီးကျူး​နေကြ

မီးအကြီးအကျယ် လောင်ကျွမ်းနေချိန်မှာ ကိုယ်တိုင် လွတ်မြောက်ရေးထက် သူ့ရဲ့ ခွေးလေးနှစ်ကောင် ဘေးကင်းစေဖို့ ဦးစားပေးကယ်တင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာလူမှုကွန်ရက် မီဒီယာတွေမှာ ချီးကျူးခံနေရပါတယ်။

Screenshot

ဒီဇင်ဘာ-၁၁၊၂၀၂၅။People’s Spring

မီးအကြီးအကျယ် လောင်ကျွမ်းနေချိန်မှာ ကိုယ်တိုင် လွတ်မြောက်ရေးထက် သူ့ရဲ့ ခွေးလေးနှစ်ကောင် ဘေးကင်းစေဖို့ ဦးစားပေးကယ်တင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာလူမှုကွန်ရက် မီဒီယာတွေမှာ ချီးကျူးခံနေရပါတယ်။

အွန်လိုင်းမှာ လူပြောများနေတဲ့ဗီဒီယိုထဲမှာတော့ အဆောက်အအုံကြီးတစ်ခု အကြီးအကျယ် မီးလောင်နေတဲ့အချိန် နှစ်ထပ် အမြင့်မှာ ပိတ်မိနေတဲ့ အမျိုးသမီးကို အောက်မှာ ရှိနေတဲ့သူတွေက လှေကားထောင်ပြီးကယ်ဆယ်ရွှေ့ပြောင်းပေးဖို့ ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ အလျံတညီးညီး မီးညွန့်တွေနဲ့ အရမ်းနီးနေတဲ့ အချိန်မှာတောင် အမျိုးသမီးဟာ အခြေအနေကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ရင်း သူ့ရဲ့ ခွေးလေးနှစ်ကောင်ကို အောက်မှာရှိနေတဲ့ သူတွေ ဖမ်းမိနိုင်အောင် အရင်ဆုံးပစ်ချပေးနေခဲ့တာကို ဗီဒီယိုထဲမှာ မြင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်နေချိန်မှာ ကိုယ်လွတ်မရုန်းဘဲ ခွေးလေးတွေကို ခေါင်းအေးအေးနဲ့ ကယ်ထုတ်ခဲ့တဲ့ ဖိလစ်ပိုင်…

Posted by People's Spring on Thursday 11 December 2025

နောက်တော့ မီးက အရမ်းတောက်လောင်လာပြီး သူရှိနေတဲ့ နေရာထိ ကူးစက်လာချိန်မှာ အမျိုးသမီးဟာ ကွန်ကရစ် ဝရန်တာ လက်ရန်းကနေ ခိုဆင်းရင်း အောက်ဖက်ကနေ ထောင်ပေးတဲ့ လှေကားဆီ အောင်အောင်မြင်မြင် ရောက်သွားနိုင်ခဲ့ပါတယ်။ သူ့ကို မီးသတ်သမား တစ်ဦးက ကူညီပေးခဲ့ပါတယ်။

အဲဒီ အသည်းယားစရာအခြေအနေဟာ ဖိလစ်ပိုင်နိုင်ငံ၊ဆီဘူပြည်နယ်ထဲက မန်ဒူအီမြို့က မီးလောင်မှု တစ်ခုမှာ ကြုံခဲ့တာလို့ သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက မြို့ထဲမှာရှိတဲ့ အဆောက်အအုံ မီးလောင်ချိန်မှာ အမျိုးသမီးက တုန်လှုပ်ချောက်ချားမနေခဲ့ဘဲ သူချစ်တဲ့ ခွေးလေးနှစ်ကောင်ကို တည်တည်ငြိမ်ငြိမ်နဲ့ အရင်ဆုံးကယ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာတော့အဲဒီအမျိုးသမီးကိုသူရဲကောင်းတစ်ဦးအဖြစ် လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။ ဒါ့အပြင် ခွေးလေးတွေကို အောက်ကနေ ဆီးပြီး ဖမ်းပေးတဲ့ အိမ်နီးချင်းတွေနဲ့ အမျိုးသမီးကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့တဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်းလူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးတဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။

သွေးပျက်လောက်စရာ အခြေအနေမျိုးမှာ ဒီမိန်းကလေးဟာ အော်ဟစ်မနေ၊ ဒရမ်မာတွေခင်းမနေ၊ ကြောက်ရွံ့မနေဘဲ လုပ်သင့်တာကို လုပ်သွားတာ တကယ့်ကို အံ့ဩစရာဖြစ်တယ်လို့ တစ်ဦးက ​ရေးသားချီးကျူးထားပါတယ်။

နောက်တစ်ဦးကလည်း ဒီအမျိုးသမီးဟာဘယ်ရှုထောင့်ကကြည့်ကြည့်မယုံနိုင်စရာကောင်းလောက်အောင်သတ္တိရှိခဲ့ကြောင်း၊ခက်ခဲပြီးအန္တရာယ်များလှတဲ့ အခြေအနေမှာ နည်းနည်းလေးတောင် တွေဝေမနေဘဲ လုပ်သင့်တာကို မှန်မှန်ကန်ကန်၊ တိတိကျကျ လုပ်ပြသွားခဲ့တာ ထူးကဲလွန်းကြောင်း ချီးကျူးခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: Free Press Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။