Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရေတပ်ကို တန်ပြန်ဖို့ ဂျပန် တိုက်လေယာဉ်တွေမှာ သင်္ဘောဖျက်ဒုံးကျည်တွေ တပ်ဆင်ပြီး အသင့်ပြင်ဆင်ထား

ဒေသတွင်းမှာ တရုတ်ရေတပ်ရဲ့ အရှိန်အဟုန်မြှင့် လှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့အတွက် ဂျပန်ဟာ သင်္ဘောဖျက် ဒုံးကျည်အတော်များများကို တိုက်လေယာဉ်တွေမှာ အသင့်အနေအထား တပ်ဆင်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Tetsuya Jin

ဒေသတွင်းမှာ တရုတ်ရေတပ်ရဲ့ အရှိန်အဟုန်မြှင့် လှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့အတွက် ဂျပန်ဟာ သင်္ဘောဖျက် ဒုံးကျည်အတော်များများကို တိုက်လေယာဉ်တွေမှာ အသင့်အနေအထား တပ်ဆင်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ – Tetsuya Jin

ဂျပန် ပြည်စောင့်တပ်ရဲ့ လေတပ် (JASDF)ဟာ အနည်းဆုံး F-2 တိုက်လေယာဉ် ၁၆ စီးမှာ သင်္ဘောဖျက်ဒုံးကျည် စုစုပေါင်း ၆၄ စင်းကို တိုက်ပွဲဝင်အဆင့် တပ်ဆင်ထားတယ်လို့ ဂျပန် စစ်ရေး သုတေသီ တစ်ဦးဖြစ်တဲ့ ယိုရှီဟီရို အင်နာဘာက Naval News သတင်းဌာန ဆောင်းပါးမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

သူဟာ အဲဒီ တိုက်လေယာဉ်တွေရဲ့ ပုံမှန် လေ့ကျင့် ပျံသန်းမှုတွေကို ဒီဇင်ဘာ ၉ ရက်နေ့တုန်းက ဆူကီ လေတပ်စခန်းမှာ သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ အင်နာဘာရဲ့ အဆိုအရ F-2 တိုက်လေယာဉ် ၁၆ စီးဟာ တစ်စီးကို ASM-2 သင်္ဘောဖျက်ဒုံးကျည် ၄ စင်းစီ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၄၀ ကျော်က ပစ်မှတ်ကို အနီအောက်ရောင်ခြည် အသုံးပြု မှတ်သားရှာဖွေပြီး တိတိကျကျ ချေမှုန်းနိုင်ပါတယ်။

ဆူကီ လေတပ်စခန်းမှာ F-2 တိုက်လေယာဉ် အစီး ၂၀ စီ ပါဝင်တဲ့ မဟာဗျူဟာ တိုက်လေယာဉ်အုပ် နှစ်ခု အခြေစိုက်ပါတယ်။ လေယာဉ်အုပ် တစ်ခုစီမှာ တစ်ယောက်စီး F-2A ၁၈ စီးစီနဲ့ နှစ်ယောက်စီး F-2B ၂ စီးစီ ဖွဲ့စည်းထားပါတယ်။

Public Service Announcement

Public Service Announcement

F-2တွေဟာ အမေရိကန်ရဲ့ အပေါ့စား F-16 တိုက်လေယာဉ်တွေကို ဂျပန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် Mitsubishi စက်မှုလုပ်ငန်းက လိုင်စင်ယူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပင်လယ်ပြင် စစ်ဆင်ရေးအတွက် သင်္ဘောဖျက်ဒုံးတွေ အများအပြားကို ဂျပန်လေတပ် တိုက်လေယာဉ်တွေမှာ အုံနဲ့ကျင်းနဲ့ တပ်ဆင်ထားစေတာမျိုးဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ ရေတပ်က ဂျပန်ရေပိုင်နက် အနီးတဝိုက်မှာ လှုပ်ရှားမှုတွေ ပိုများလာချိန်မှာ ဂျပန်ဖက်ကလည်း အခုလို တုံ့ပြန် အစီအစဉ်တွေ လုပ်ဆောင်လာတာပါ။ အထူးသဖြင့် ဂျပန်ရဲ့ ကျူရှူးကျွန်း အနီးမှာ ခုတ်မောင်းလေ့ရှိတဲ့ တရုတ် လေယာဉ်တင် သင်္ဘောကြီး လျောင်နင်း ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တွေကို တန်ပြန်ဖို့ အခုလို စီမံထားတာ ဖြစ်ဖွယ် ရှိပါတယ်။

လဆန်းပိုင်းတုန်းက လျောင်နင်းမှာ အခြေစိုက်တဲ့ J-15 တိုက်လေယာဉ်တွေက ဂျပန်ရဲ့ F-15 တိုက်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ မိနစ်အတော်ကြာ ချိန်ရွယ်ထားတဲ့ ဖြစ်စဉ်အပြီး ဂျပန်က F-16တွေမှာ သင်္ဘောဖျက် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ သတင်း ထွက်ပေါ်လာတာပါ။

ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ မှတ်ချက်စကား တစ်ခွန်းကို အကြောင်းပြုပြီး တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေးဟာ သိသိသာသာ အေးခဲနေပါတယ်။ တကအိချိက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်ပေးဖွယ်ရှိကြောင်း ပြောကြားခဲ့တာပါ။ တရုတ်ကတော့ ဒါဟာ ဂျပန်က ရန်လိုတဲ့ သဘောထားကို အတိအလင်း ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကိုးကား – Naval News

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ အောက်တိုဘာ ၂၈ရက်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့လို့ ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ ကျရောက်တဲ့ ၆၃နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ တအာင်းဒေသ အသီးသီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ပြည်သူတွေလည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခံရခြင်းက သက်သာခွင့်ရလာခဲ့ကြောင်းTNLAကထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်စဥ်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အာဆီယံအခြေခံမူကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ဒီဇင်ဘာ ၂၉ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ အသစ်တည်ဆောက်ထားတဲ့ ဒုံးကျည်စခန်း ၃ ခုမှာ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည် (ICBM) ၁၀၀ လောက်ကို ဖြန့်ကျက်ထားဖွယ်ရှိကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ကိုးကန့် ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ဦးကို တရုတ်က သေဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။