Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာမိတ် ကူဝိတ်က မှားပစ်လို့ အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျ

မဟာမိတ် ကူဝိတ်စစ်တပ်က မှားယွင်း ပစ်ချမိခဲ့တာကြောင့် အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် စစ်တပ်ရဲ့ F-15E အမျိုးအစားဂျက်တိုက်လေယာဉ်တစ်စီးကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - CENTCOM

မတ် -၂ ၊၂၀၂၆

မဟာမိတ် ကူဝိတ်စစ်တပ်က မှားယွင်း ပစ်ချမိခဲ့တာကြောင့် အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားနေရတာ အပါအဝင် စစ်ဆင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေချိန် ရှုပ်ရှုပ်ထွေးထွေး ကာလအတွင်း မတ်လ ၁ ရက်နေ့မှာ အခုဖြစ်ရပ်မျိုး ကြုံခဲ့တာလို့ CENTCOMက ဆိုပါတယ်။

ကူဝိတ် ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံပိုင်နက်ထဲမှာ အမေရိကန် တိုက်လေယာဉ်တချို့ ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာ CENTCOMက တိုက်လေယာဉ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ လေသူရဲအားလုံး အသက်အန္တရာယ် ကင်းရှင်းတယ် ဆိုတာကိုတော့ ကူဝိတ်က အစောပိုင်းကတည်းက ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

CENTCOMရဲ့ အဆိုအရ ကူဝိတ် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အီရန် ဒုံးကျည်တွေ၊ ဒရုန်းတွေကို ကြားဖြတ် ပစ်ချတာ အပါအဝင် Epic Fury စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေတဲ့ အမေရိကန် F-15E တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့ကြောင်း၊ အဲဒီ အမေရိကန် တိုက်လေ ယာဉ်တွေကို ကူဝိတ်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကပဲ friendly fire အဖြစ် မှားယွင်းပြီး ပစ်ချခဲ့မိကြောင်း သိရပါတယ်။

လေယာဉ်တွေပေါ် ပါလာတဲ့ လေသူရဲ ၆ ဦးစလုံးကတော့ အန္တရာယ်ကင်းကင်းနဲ့ ခုန်ထွက်ပြီး လေထီးနဲ့ ဆင်းသက်နိုင်ခဲ့ကြတယ်လို့လည်း CENTCOMရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ကူဝိတ်ကလည်း ဒီကိစ္စကို သိရှိထားပြီး ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီပေးနေတဲ့ ကူဝိတ် ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ အားထုတ်မှုတွေကို အမေရိကန်က ကျေးဇူးတင်ရှိနေဆဲဖြစ်ကြောင်းလည်း CENTCOMက ဆိုပါတယ်။

အစောပိုင်းက အမေရိကန် F-15Eတစ်စီး ကူဝိတ် ကောင်းကင်ယံမှာ ချာချာလည်ပြီး ပျက်ကျလာခဲ့တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့နောက် အီရန်က အဲဒီလေယာဉ်ကို ပစ်ချခဲ့တာလို့ ကြေညာပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ကူဝိတ်ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် လေယာဉ် ၃ စီး ပျက်ကျခဲ့တာသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

အီရန်က အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnကိုလည်း ဒုံးကျည်တွေနဲ့ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သေးပေမယ့် အဲဒီကိစ္စကိုလည်း အမေရိကန် ငြင်းဆန်ထားပါတယ်။

မတ်လ ၁ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်စစ်ပွဲအတွင်း ပထမဆုံး အမေရိကန်ဖက်က သေဆုံးမှုအဖြစ် စစ်သည် ၃ ဦးကို ဆုံးရှုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ထရမ့်က အဲဒီတပ်ဖွဲ့ဝင်တွေ ဘယ်နေရာမှာ သေဆုံးခဲ့သလဲ ဆိုတာကို အတိအကျ မပြောပေမယ့် သတင်းတွေကတော့ ကူဝိတ်က တပ်စခန်းတစ်ခုမှာ အခြေစိုက်ထားတဲ့ စစ်သားတွေလို့ ဖော်ပြထားကြပါတယ်။

ကိုးကား – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။