Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိပြီး ၁၆ ဦးသေ

အင်ဒိုနီးရှား နိုင်ငံမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အင်ဒိုနီးရှား နိုင်ငံမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မေလ ၆ ရက်နေ့တုန်းက ဆူမားတြားကျွန်းကို ဖြတ်သန်းသွားတဲ့ ပင်မ အဝေးပြေးလမ်းမကြီး တစ်နေရာမှာ ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ ဘတ်စ်ကားရော၊ ထရပ်ကားပါ အကြီးအကျယ် မီးစွဲလောင်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို ကားနှစ်စီးထဲမှာ ပိတ်မိလျက်သား ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဆူမားတြား တောင်ပိုင်းက မြောက်ပိုင်းမူဆီရာဝက်စ် ဧရိယာမှာ ဒေသတွင်း ပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီးဟာ မျက်နှာချင်းဆိုင်ကနေ မောင်းနှင်လာတဲ့ ဆီတင်ထရပ်ကားကို တိုက်မိခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေးဌာန အကြီးအကဲ မူဂိုနိုက သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စစ်ဆေးမှုတွေအရ ဘတ်စ်ကားဟာ ယာဉ်တိုက်မှု မတိုင်ခင် ကတည်းက ပြဿနာ တစ်ခုခုကြောင့် မီးတွေပွင့်နေတာမျိုး ဖြစ်ခဲ့ကြောင်း၊ ယာဉ်မောင်းက ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်မှာကို စိုးရိမ်တဲ့စိတ်နဲ့ ညာဖက်ကို ဆွဲချလိုက်ချိန်မှာ ဆန့်ကျင်ဖက် အရပ်ကနေ အရှိန်နဲ့ မောင်းလာတဲ့ ဆီတင် ထရပ်ကားကို တည့်တည့်ကြီး ဝင်တိုက်လိုက်တာ ဖြစ်ကြောင်း မူဂိုနိုက ပြောပါတယ်။

ကားနှစ်စီး တိုက်မိတဲ့ အရှိန်က အရမ်းပြင်းပြီး မီးထလောင်ရာက အသေအပျောက် များသွားခဲ့ကြောင်း၊ သေဆုံးသူတွေဟာ ယာဉ်အသီးသီးထဲကနေ ထွက်ခွာဖို့ အချိန်မရခဲ့ကြောင်းလည်း သူက ရှင်းပြခဲ့ပါတယ်။

သေဆုံးသူတွေဟာ ဘတ်စ်ကားယာဉ်မောင်းနဲ့ ခရီးသည် ၁၃ ဦး၊ ဆီတင် ထရပ်ကား ယာဉ်မောင်းနဲ့ စပယ်ယာတို့ ဖြစ်ကြပါတယ်။ ဘတ်စ်ကားစီး ခရီးသည် ၄ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပြီး နီးစပ်ရာ ဆေးရုံဆီ သူတို့ကို ပို့ဆောင်ထားပါတယ်။ အဲဒီထဲက ၃ ဦးဟာ အပြင်းအထန် မီးလောင်ကျွမ်းတာကို ခံထားကြရပါတယ်။

လောလောဆယ်တော့ အာဏာပိုင်တွေဟာ ဘတ်စ်ကား ခရီးသည် စာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အသေအပျောက် အရေအတွက်ကို တိတိကျကျ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာတော့ မီးခိုးလုံးတွေ အူထွက်နေတဲ့ နေရာမှာ မီးသတ်သမားတွေက ကြိုးစားပြီး မီးငြှိမ်းသတ်နေသလို ကယ်ဆယ်ရေး အဖွဲ့သားတွေလည်း အလုပ်များနေတာကို တွေ့ခဲ့ရပါတယ်။

ဧပြီလ ၂၇ ရက်နေ့တုန်းက ဂျကာတာမြို့တော်နားမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် အမျိုးသမီး ၁၆ ဦး သေဆုံးခဲ့ပါတယ်။ မေလ ၁ ရက်မှာလည်း ဂျာဗားအလယ်ပိုင်းမှာ ဝတ်ပြု ခရီးသည်တွေ လိုက်ပါလာတဲ့ ကားတစ်စီးကို ရထားက ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။