Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမှာ အမျိုးသားတစ်ဦး ၆လွှာတိုက်ခန်းက ပြုတ်ကျ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

အောက်တိုဘာ-၂၆၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

ဒီနေ့ (အောက်တိုဘာ ၂၆ ရက် ) မနက်ပိုင်း ၆ နာရီကျော်မှာ စမ်းချောင်းမြို့နယ် ၊ မြေနီကုန်း မြောက်ရပ်ကွက် ရှမ်းကုန်းလမ်းမှာရှိ‌တဲ့ တိုက်ခန်း ၆ လွှာကနေ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့တာပါ။

ဒါပေမယ့်မြေပြင်အထိပြုတ်မကျခဲ့ဘဲတိုက်ဘေးမှာရှိတဲ့စရီစရီ မယ်တော်ဘုရားကျောင်းပေါ်ကို ကျခဲ့တာ‌ကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ အထက်ပါပရဟိတအသင်းက ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြုတ်ကျတဲ့အမျိုးသားကိုကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး စမ်းချောင်းမြို့နယ်မီးသတ် ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ အနာဂတ်အလင်းတန်းအသင်းက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ လသာမြို့နယ်မှာလည်း အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျခဲ့ပြီး ဂမုန်းပွင့်အဆောက်အဦး‌ဆင်ဝင်ခေါင်မိုး ပေါ်သို့ ကျခဲ့တာကြောင့် အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။