Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

​ကြည့်မြင်တိုင်က စစ်အာဏာရှင်ဖြုတ်ချရေး ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ ​ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လူငယ်များနှင့် ပြည်သူများက ယနေ့ (ဇူလိုင် ၅ ရက်) ညနေပိုင်း၌ ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၅၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “ဘုံရန်သူကိုချေမှုန်း ဖက်ဒရယ်ကို အရရုန်း” စသည့် စာတန်းများကိုင်ဆောင်ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ရက် ၁၅၅ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု KA၊ KNDFနှင့် KNPLF တို့က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

သတင်း

စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်​သော​ကြောင့် နှစ်သစ်ကူး​နေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်​ဆောင်သွားကြရန်လည်း ညီ​နောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။

သတင်း

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။