ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လူငယ်များနှင့် ပြည်သူများက ယနေ့ (ဇူလိုင် ၅ ရက်) ညနေပိုင်း၌ ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။
ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၅၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “ ဘုံရန်သူကိုချေမှုန်း ဖက်ဒရယ်ကို အရရုန်း” စသည့် စာတန်းများကိုင်ဆောင်ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ရက် ၁၅၅ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
