Connect with us

Hi, what are you looking for?

News

ဗိုလ်ချုပ်​မွေး​နေ့တွင် ​မော်လမြိုင်-ထားဝယ်လမ်း​ပေါ်တွင် PDFသုံးဖွဲ့က ခရီးသွားပြည်သူများနှင့်​တွေ့ဆုံ

ထိုတွေ့ဆုံခဲ့သည့်နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်​သော ​​ခြေမြန်တပ်ရင်း-ခမရ ၁၀၆/ ၅၈၈ တပ်ရင်းနှင့် ၃၄၃/ ၅၈၇ တပ်ရင်းကြားတွင်ဖြစ်သည်။

(PDFတပ်ဖွဲ့ဝင်များကပြည်သူများနှင့်ရင်းနှီးစွာ​တွေ့ဆုံ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေး လက်သုံး​ချောင်း​ထောင်ခဲ့ကြသည်။ ဓါတ်ပုံ-MSRU)

-​​တော်လှန်​ရေးအတွက်အသင့်ရှိ​နေမည်ဖြစ်​ကြောင်းပြသ

မြန်မာနိုင်ငံကလေးများနေ့ဖြစ်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ သုံးခုက မော်လမြိုင်-ထားဝယ်လမ်းမပေါ်တွင် ပြည်သူလူထုနှင့် တွေဆုံပြီး တော်လှန်ရေးအတွက် အသင့်ရှိနေမည်ဖြစ်ကြောင်း ပြသခဲ့သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအစည်းအရုံး(MSRU)
ကထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) မနက် ၇ နာရီခွဲခန့်တွင် ရေးမြို့နယ်၊ စံပြကျေးရွာအနီး အာရှလမ်းမကြီးရှိ ကျောပိုးအိတ်စခန်းတွင် ပြည်သူနှင့်တိုက်ရိုက်ခေတ္တတွေ့ဆုံခဲ့ပြီး လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖြစ်ကြောင်းပြသခဲ့ ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် MSRUအပါအဝင် ရေးဘီလူးအဖွဲ့၊ Ye Special Tasks Forces – YSTF စသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃ ခုပါဝင်ခဲ့သည်။ ထိုတွေ့ဆုံခဲ့သည့်နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်​သော ​​ခြေမြန်တပ်ရင်း-ခမရ ၁၀၆/ ၅၈၈ တပ်ရင်းနှင့် ၃၄၃/ ၅၈၇ တပ်ရင်းကြားတွင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။