Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို RPG၊ (၇၉)မမ လက်နက်တို့နှင့် ပစ်ခတ်သတိပေးခဲ့ဟု ဖယ်ခုံ PDF ထုတ်ပြန်

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာ
ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာ

▪️ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများစစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ထပ်မံ သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မ ရဲစခန်းနှင့် မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးမှူးရုံးရိပ်သာတို့အား RPGနှင့် (၇၉)မမ လက်နက်အသုံးပြုပြီး သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကို သစ္စာခံ၍ ပြည်သူအပေါ်သစ္စာစောင့်သိမှုမရှိ၍ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ NON-CDM ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့ တွင်အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ် ကြောင်း၊ မိမိတို့၏ ရေမြေတွင်နေထိုင်ပြီး ဒေသလူထုအကျိုးကိုရှေးရှု့ရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကိုအထောက်အကူမပြုရန် ဖယ်ခုံ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးထွက်ခွာကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း (၂) ထပ်မံသတိပေးလိုက်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ