Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား ဖျက်သိမ်းရေး ထောက်ခံခဲ့တဲ့ ကုလသမဂ္ဂ အကြီးအကဲကို မြောက်ကိုရီးယား ဝေဖန်

ကုလသမဂ္ဂ အကြီးအကဲ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်မျိုးဆီက မမျှတတဲ့ မှတ်ချက်စကားမျိုး ကြားရတဲ့အတွက် စိတ်ပျက် ဝမ်းနည်းမိတယ်လို့ ကင်မ်က ဆိုပါတယ်။ နောက်ဆိုရင် ဂူတာရက်ဇ် အနေနဲ့ အန္တရာယ်ရှိတဲ့ စကားလုံးတွေကို ထုတ်မပြောခင်မှာ ပြန်ဆန်းစစ် ဆင်ခြင်သင့်တယ်လို့လည်း ကင်မ်က ပြောပါတယ်။

နျူကလီးယား ဖျက်သိမ်းရေး ထောက်ခံခဲ့တဲ့ ကုလသမဂ္ဂ အကြီးအကဲကို မြောက်ကိုရီးယား ဝေဖန် နျူကလီးယား လက်နက် ဖျက်သိမ်းရေး အားပေး ထောက်ခံခဲ့တဲ့ ကုလသမဂ္ဂ အကြီးအကဲကို မြောက်ကိုရီးယားက ရှုတ်ချ ဝေဖန်သွားခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ အပြီးတိုင် ဖျက်သိမ်းရေးအတွက် လိုလား တောင်းဆိုသင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ဂူတာရက်ဇ်ဟာ ဆိုးလ်ကို ၂ ရက်တာ ခရီးစဉ် သွားရောက်ခဲ့တာပါ။ သူက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းနိုင်ရေး အားထုတ်မှုတွေအပေါ် အပြည့်အဝ အာရုံစိုက်သွားမယ်လို့ ကတိပြုခဲ့ပြီး ဒီကိစ္စဟာ အရှေ့အာရှ ဒေသ တစ်ခုလုံးရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတွေအတွက် အခြေခံ အကျဆုံး ရည်မှန်းချက်တောင် ဖြစ်သင့်တယ်လို့ ဂူတာရက်ဇ်က ဆိုပါတယ်။ ဒါပေမဲ့ ဒီစကားတွေအပေါ် မြောက်ကိုရီးယား အစိုးရကတော့ သဘောကျပုံ မရပါဘူး။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ကင်မ်ဆွန်ဂျောင်က ကုလသမဂ္ဂ အကြီးအကဲ အနေနဲ့ သူ့ရဲ့ အန္တရာယ်ရှိတဲ့ စကား အသုံးအနှုန်းတွေကို ဆင်ခြင်သင့်ကြောင်း ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ တကယ်တမ်းမှာ ဂူတာရက်ဇ်ဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေအပေါ် စာနာထောက်ခံတဲ့ သဘောမျိုး ပြောဆိုသွားတာသာ ဖြစ်တယ်လို့လည်း ကင်မ်က စွပ်စွဲခဲ့ပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်မျိုးဆီက မမျှတတဲ့ မှတ်ချက်စကားမျိုး ကြားရတဲ့အတွက် စိတ်ပျက် ဝမ်းနည်းမိတယ်လို့ ကင်မ်က ဆိုပါတယ်။ နောက်ဆိုရင် ဂူတာရက်ဇ် အနေနဲ့ အန္တရာယ်ရှိတဲ့ စကားလုံးတွေကို ထုတ်မပြောခင်မှာ ပြန်ဆန်းစစ် ဆင်ခြင်သင့်တယ်လို့လည်း ကင်မ်က ပြောပါတယ်။ အခုနှစ်အတွင်းမှာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခု ပြန်လည် လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက သတိပေးနေချိန်နဲ့ တိုက်ဆိုင်ပြီး ဂူတာရက်ဇ်က မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါ ပျံ့နှံ့ ကူးစက်မှုတွေနဲ့ ပတ်သက်လို့လည်း တောင်ကိုရီးယားကို ပြစ်တင် ရှုတ်ချထားပါသေးတယ်။ တောင်ကိုရီးယားဖက်က မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်ပေးလိုက်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကပ်ငြိပါလာရာကနေ ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တာလို့ မြောက်ကိုရီးယားက စွပ်စွဲပေမယ့် တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ငြင်းဆန်ထားပါတယ်။

နျူကလီးယား လက်နက် ဖျက်သိမ်းရေး အားပေး ထောက်ခံခဲ့တဲ့ ကုလသမဂ္ဂ အကြီးအကဲကို မြောက်ကိုရီးယားက ရှုတ်ချ ဝေဖန်သွားခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ အပြီးတိုင် ဖျက်သိမ်းရေးအတွက် လိုလား တောင်းဆိုသင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ဂူတာရက်ဇ်ဟာ ဆိုးလ်ကို ၂ ရက်တာ ခရီးစဉ် သွားရောက်ခဲ့တာပါ။

သူက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းနိုင်ရေး အားထုတ်မှုတွေအပေါ် အပြည့်အဝ အာရုံစိုက်သွားမယ်လို့ ကတိပြုခဲ့ပြီး ဒီကိစ္စဟာ အရှေ့အာရှ ဒေသ တစ်ခုလုံးရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတွေအတွက် အခြေခံ အကျဆုံး ရည်မှန်းချက်တောင် ဖြစ်သင့်တယ်လို့ ဂူတာရက်ဇ်က ဆိုပါတယ်။ ဒါပေမဲ့ ဒီစကားတွေအပေါ် မြောက်ကိုရီးယား အစိုးရကတော့ သဘောကျပုံ မရပါဘူး။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ကင်မ်ဆွန်ဂျောင်က ကုလသမဂ္ဂ အကြီးအကဲ အနေနဲ့ သူ့ရဲ့ အန္တရာယ်ရှိတဲ့ စကား အသုံးအနှုန်းတွေကို ဆင်ခြင်သင့်ကြောင်း ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ တကယ်တမ်းမှာ ဂူတာရက်ဇ်ဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေအပေါ် စာနာထောက်ခံတဲ့ သဘောမျိုး ပြောဆိုသွားတာသာ ဖြစ်တယ်လို့လည်း ကင်မ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ အကြီးအကဲ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်မျိုးဆီက မမျှတတဲ့ မှတ်ချက်စကားမျိုး ကြားရတဲ့အတွက် စိတ်ပျက် ဝမ်းနည်းမိတယ်လို့ ကင်မ်က ဆိုပါတယ်။ နောက်ဆိုရင် ဂူတာရက်ဇ် အနေနဲ့ အန္တရာယ်ရှိတဲ့ စကားလုံးတွေကို ထုတ်မပြောခင်မှာ ပြန်ဆန်းစစ် ဆင်ခြင်သင့်တယ်လို့လည်း ကင်မ်က ပြောပါတယ်။

အခုနှစ်အတွင်းမှာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခု ပြန်လည် လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက သတိပေးနေချိန်နဲ့ တိုက်ဆိုင်ပြီး ဂူတာရက်ဇ်က မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါ ပျံ့နှံ့ ကူးစက်မှုတွေနဲ့ ပတ်သက်လို့လည်း တောင်ကိုရီးယားကို ပြစ်တင် ရှုတ်ချထားပါသေးတယ်။ တောင်ကိုရီးယားဖက်က မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်ပေးလိုက်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကပ်ငြိပါလာရာကနေ ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တာလို့ မြောက်ကိုရီးယားက စွပ်စွဲပေမယ့် တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ငြင်းဆန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။