MNDAA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မုံးကိုးဒေသတွင် သြဂုတ် ၃၁ ရက်နှင့် ယနေ့( စက်တင်ဘာ ၁ရက်) က တိုက်ပွဲ ဖြစ်ပွားနေစဥ် ဗီဒီယိုဖိုင်အတိုကို MNDAA ၏ သတင်းပြန်ကြားရေး ဖေ့စ်ဘွခ်ဖြစ်သော The KoKang ကယနေထုတ်ပြန်သည်။
မုန်းကိုး ခရိုင် မန်မွန်ရွာ နှင့် လောကူရွာ အကြားလမ်းပေါ် သြဂုတ်လ ၃၁ ရက် နံနက်ကိုးနာရီခန့် MNDAA တပ်မဟာ ၅၁၁ နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားသောတိုက်ပွဲမှာ ပြင်းထန် ကြောင်းဖော်ပြထားသည်။
သို့သော် တိုက်ပွဲတွင် ထိ့ခိုက်သေဆုံးဒဏ်ရာရရှိမှုများကိုမထုတ်ပြန်သေးသော်လည်း ယနေ့နံနက် တိုက်ပွဲ ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ် ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းများကိုတွေ့ရသည်။
စက်တင်ဘာလ ၁ ရက် မနက် တိုက်ပွဲမှာအထူးဒေသ (၁) မုန်းကိုး ခရိုင် တပ်စွဲထားသည် MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
မုံးကိုးဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် MNDAA တို့ ယခုရက်ပိုင်းဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များအထိ့နာနေသည်။သြဂုတ် ၃၀ ရက်က တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး၊အနည်းဆုံး ၄ ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းများစွာကို MNDAA ကသိမ်းဆည်းနိုင်ခဲ့သည်။ သြဂုတ် ၂၈ ရက်ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရကာ လက်နက်ခဲ့ယမ်းများစွာ MNDAA ကသိမ်းဆီးနိုင်ခဲ့သည်။
ဗီဒီယို – The Kokang


















































